တယ်လီဖုန်း ကြားဖြတ် နားထောင်တဲ့ စီမံကိန်း မှတ်တမ်း တချို့ကို အမေရိကန် အစိုးရက အများ ပြည်သူ ကြည့်ရှုဖို့ ထုတ်ပြန် ခဲ့ပါတယ်။
သတင်း အချက် ရယူမှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်း မြင်သာ ရှိစေလိုကြောင်း အာဏာပိုင်တွေက ပြောကြား ပါတယ်။
ဒါပေမဲ့ ဒီမှတ်တမ်း တွေထဲမှာ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒွပ် စနိုဒန် ထုတ်ဖော် လိုက်တဲ့ အထောက်အထား တော်တော်များများ ပါဝင်လာတာ မတွေ့ရပါဘူး။
ဒီအချိန်မှာပဲ အင်တာနက် သုံးစွဲသူတွေ ပြုလုပ်သမျှ စောင့်ကြည့် မှတ်သား နိုင်တဲ့ လျှို့ဝှက် စက်ကိရိယာ အကြောင်းကို မစ္စတာ စနိုဒန် က ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ မှာ နောက်ထပ် ဖွင့်ချလိုက် ပါတယ်။
Pages
▼
ကမ္ဘောဒီးယားအတိုက်အခံပါတီက မဲမသမာမှု သက်သေပြနိုင်ဖို့ ကြိုးစား
ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျင်း ပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်မှာ လက်ရှိအာဏာရ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ၀န်ကြီးချုပ် ဟူစင်ကပဲ ပြန်လည်အနိုင်ရခဲ့တဲ့အတွက် အတိုက်အခံပါတီဖက်က တနိုင်ငံလုံး ဆန္ဒပြမှုကြီးပြုလုပ်သွားဖို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါ တယ်။
အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား National Rescue Party ကတော့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိနေတယ်လို့ စွပ်စွဲထားပြီး ဒီကိစ္စကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ တောင်းဆိုတာကို လက်ရှိအစိုးရ အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီးယား People Party ကတော့ ပယ်ချခဲ့ ပါတယ်။

ဒုက္ခသည်အယောက် ၃၀၀၀၀ ကို နှစ်စဉ်ခေါ်ယူမယ်လို့ ဂရင်းပါတီဆို
သြစတြေးလျနိုင်ငံရှိ ဂရင်းနိုင်ငံရေးပါတီက ပြည်ပကဒုက္ခသည်စခန်းတွေမှာ နေထိုင်နေပြီး ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် တရားဝင်သတ်မှတ်ထားတဲ့ ဒုက္ခသည်အယောက် ၃၀၀၀၀ ကို နှစ်စဉ် လက်ခံသွားမယ်လို့ ကြေညာခဲ့ပါတယ်။
သြစတြေးလျအစိုးရက ခုလောလောဆယ် ပြည်ပက ဒုက္ခသည်အယောက် နှစ်သောင်းကို နှစ်စဉ်လက်ခံနေတာဖြစ်ပြီး ဂရင်းပါတီက သူတို့သာ အစိုးရဖြစ်လာမယ်ဆိုရင် နှစ်စဉ် ဒုက္ခသည်အယောက် သုံးသောင်းလက်ခံမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
အဓိကအတိုက်အခံပါတီဖြစ်တဲ့ ညွန့်ပေါင်းပါတီကတော့ နှစ်စဉ် ဒုက္ခသည် တစ်သောင်းလေးထောင်ပဲ လက်ခံမယ်လို့ ပြောနေပါတယ်။

သြစီမှာ ဆေးလိပ်အကောက်ခွန် တိုးကောက်မည်
သြစတြေးလျနိုင်ငံမှာတော့ စီးကရက်အပေါ် အခွန်တိုးကောက်ခံဖို့ အတွက် သြစတြေးလျ အစိုးရ က ကြာသပတေးနေ့မှာ ကြေငြာဖို့ရှိပါတယ်။
ဒါဟာ ၀င်ငွေ ၅ ဘီလီယံ ကျော်ရနိုင်ဖို့ အတွက် အစိုးရရဲ့ လုပ်ဆောင်မှုတခုလည်း ဖြစ်ပါတယ်။
အခုယစ်မျိုးခွန် ကောက်ခံမယ့် အခွန်ငွေဟာ တနှစ်ကို ၁၂.၅ ရာခိုင် နှုန်း နှုန်းထား နဲ့ လေးနှစ် အထိ ကောက်ခံ သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၆ ခုနှစ် အရောက် မှာတော့ အလိပ် ၂၀ ပါတဲ့ ဆေးလိပ် တဗူးကို အခုပေးနေရတဲ့ ဈေးနှုန်းအပြင် ၅ ဒေါ်လာကျော် ပိုပေးရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်တွင် ရေပေးဝေသည့် ပိုက်လိုင်းပေါက်မှုကြောင့် ကလေး တစ်ဦးသေဆုံး
ဇူလိုင်လ (၃၀)ရက်နေ့က အရှိန်ပြင်းစွာ ပန်းထွက်လာသော ရေထုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ လူအချို့ ဒဏ်ရာများ ရရှိခဲ့သလို အိမ်ခြေ အလုံး(၂၀)မျှ ပျက်စီးခဲ့သည်။
ဘရာဇီးလ် နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့တွင် ရေပေးဝေသည့် ပိုက်လိုင်းတစ်ခု ပေါက်ထွက်မှု ဖြစ်ပွားရာ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဇူလိုင်လ (၃၀)ရက်နေ့က အရှိန်ပြင်းစွာ ပန်းထွက်လာသော ရေထုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ လူအချို့ ဒဏ်ရာများ ရရှိခဲ့သလို အိမ်ခြေ အလုံး(၂၀)မျှ ပျက်စီးခဲ့သည်။ ရေပိုက် ပွင့်ထွက်သွားပြီးနောက် ပန်းထွက်လာသော ရေအားသည် အမြင့်မီတာ (၂၀)မျှထိ တက်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် ခဏအတွင်း ရေကြီးမှုများ ဖြစ်ပေါ်သွားသည့် ကမ်ပိုဂရန်ဒီ အနီးတဝိုက်သို့ ရော်ဘာလှေများ အသုံးပြုပြီး ရောက်ရှိလာခဲ့ကြသည်။

ဂျပန်နိုင်ငံ မှာ အများသုံးတယ်လီဖုန်း
ဂျပန်နိုင်ငံ မှာ အများသုံးတယ်လီဖုန်းရုံ တွေဟာခေတ်ကုန်သွားပါပြီ။ ဒါကြောင့် ဂျပန်နိုင်ငံက ကျောင်းသားတွေက တယ်လီဖုန်းရုံ တွေကို အလှမွေးငါးကန်အဖြစ်ပြောင်းလဲလိုက်ပါတယ်။
Bell Bagan
Bell Bagan
ဘာလီကျွန်းမှ ရိုးရာ စွန်လွှတ်ပွဲတော်
အသွေးအရောင်စုံ၊ ဒီဇိုင်းစုံနှင့် လှပသော စွန်ကြီးများသည် ပွဲတော်၏ ကောင်းကင်ယံတွင် ရောယှက် ပျံသန်းနေကြောင်း သတင်းများက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ရိုးရာ စွန်လွှတ်ပွဲတော် တစ်ခုကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ ဒန်ပါဆာတွင် သောကြာနေ့မှ တနင်္ဂနွေနေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် စွန်အလှလွှတ် ပွဲတော်သည် ဒေသတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို တိုးတက် မြှင့်တင်နိုင်ရန် ရည်စူး လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ အသွေးအရောင်စုံ၊ ဒီဇိုင်းစုံနှင့် လှပသော စွန်ကြီးများသည် ပွဲတော်၏ ကောင်းကင်ယံတွင် ရောယှက် ပျံသန်းနေကြောင်း သတင်းများက ဆိုသည်။

စစ်ပွဲဇုန် မုဒိမ်းမှုများကို တိုက်ဖျက်ရေး ပူးပေါင်းပါဝင်ကြရန် ဂျိုလီ တိုက်တွန်း
ကုလသမဂ္ဂ နှလုံးလှ သံတမန် တစ်ဦးလည်းဖြစ်သော ဂျိုလီက ရှီဘိုင်ယာရှိ တက္ကသိုလ်တွင် သူမ (၂၀၁၁)ခုနှစ်က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော In the Land of Blood and Honey ဇာတ်ကားအကြောင်း ထည့်သွင်း ပြောကြားခဲ့. . .
စစ်ပွဲဇုန်များတွင် ဖြစ်ပေါ်နေသည့် မုဒိမ်းမှုများကို တိုက်ဖျက်ရာ၌ တစ်ကမ္ဘာလုံး သူမနှင့်အတူ ပူးပေါင်း ပါဝင်စေလိုကြောင်း အန်ဂျလီနာ ဂျိုလီက တိုက်တွန်းလိုက်သည်။ မိသားစုနှင့်အတူ ဂျပန်သို့ ရောက်ရှိနေသည့် ဟောလီးဝုဒ် ကြယ်ပွင့် ဒါရိုက်တာ၊ မင်းသမီးက တိုကျိုရှိ ကုလသမဂ္ဂ တက္ကသိုလ်တွင် ဟောပြောမှုတစ်ခု ပြုလုပ်ခဲ့ရာ ကျောင်းသူကျောင်းသား လူငယ်များ အနေဖြင့် တစ်ကမ္ဘာလုံးရှိ စစ်ပွဲဇုန်များ၌ မုဒိမ်းမှုများ ပပျောက်ရေးအတွက် တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဖိတ်ခေါ်သွားသည်။
ဘီယာဘူးခွံ၊ ပုလင်းခွံများဖြင့် အလှဆင်ထားသည့် ဟူစတန်မြို့က နေအိမ်
အဆောက်အအုံသည် ပြားနေအောင် ဖြန့်ထားသည့် ဘီယာဘူးခွံများဖြင့် ကပ်၍ လှပအောင် ဒီဇိုင်းဆင်ထားခြင်းဖြစ်
အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ရှိ ဘီယာဘူးခွံများဖြင့် အပြည့်အဝ အလှဆင် တည်ဆောက်ထားသည့် နေအိမ်တစ်လုံးကို ယခုအခါ မြို့၏ အထိမ်းအမှတ် နေရာတစ်ခုအဖြစ် အာဏာပိုင်များက ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ယခင်ကတည်းက ဘီယာဘူးခွံအိမ်ဟု နာမည်ကြီးသော အဆောက်အအုံသည် လူသိများသော နေရာတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အဆောက်အအုံသည် ပြားနေအောင် ဖြန့်ထားသည့် ဘီယာဘူးခွံများဖြင့် ကပ်၍ လှပအောင် ဒီဇိုင်းဆင်ထားခြင်း ဖြစ်သည်။

သူလျှိုကိစ္စကို သိုသိပ်စွာ လျှိုထားလိုသူ
ဂျာမန်ထောက်လှမ်းရေး အေဂျင်စီများသည် ဂျာမန်ဥပဒေကို အပြည့်အဝ ဦးထိပ်ထား ကြကြောင်း အဓိပတိ၏ ဦးစီးချုပ်က ဆိုသည်။ ဂျာမန် သူလျှိုများသည် အမေရိကန်
သူလျှိုများနှင့် ပူးပေါင်းကြသူများ ဖြစ်၍ အင်တာနက်မှ ၎င်းတို့ကို သတိထား စောင့်ကြည့်မှု ခံရသူများ ဖြစ်ကြောင်း စွပ်စွဲခံရပြီးနောက် ထိခိုက်မှုကို ကန့်သတ်ရန် ကြိုးစားလျက် ရှိသည်ဟု ဆို၏။