Pages
▼
4.12.13
“သားကိုမသတ်ပါနဲ့ မေမေ ရယ်”
ခေါင်းစဉ်ကို ဖတ်ပြီး ရင်ထဲမှာ ဆို့နစ်ပြီး မျက်ရည်ဝဲခဲ့မိပါတယ်... အိမ်ထောင်သည်ပဲ ဖြစ်ဖြစ်.. သမီးချစ်သူပဲဖြစ်ဖြစ်... ကံပါလို့ ရလာတဲ့ ရင်သွေးလေးကို လူလားမြောက်အောင် ပြုစုပြိုထောင်ကြပါလို့ ဆန္ဒပြုလိုက်ပါတယ်..
3-12-2013 (မြဲမြဲခိုင်တဲ့အိမ်ကလေး ဘယ်လိုတည်ဆောက်မလဲ)
မေမေ.....မေမေ.... မေမေ..
လှိုင်သာယာမှာ ကျူးကျော်တွေ ဖယ်ပေးဖို့ အမိန့်ထုတ်
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ ကနေ ၄ အထိ စက်ရုံတွေရှေ့နဲ့ လှိုင်သာယာ အဝေးပြေးလမ်းမကြီးဘေးမှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်အိမ်တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင်သာယာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီလိုထုတ်ပြန်ခဲ့တာကြောင့် ကျူးကျော်နေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်၊ ညောင်ရွာမြစ်ကမ်းက သောင်ထွန်းမြေတွေနဲ့ တွံတေးမြို့နယ် ရေကျော်ကျေးရွာနားက လယ်မြေတွေပေါ်မှာ နေအိမ်တွေ ဆောက်လုပ်နေကြတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုကြည်ရွှင်က ပြောပါတယ်။

ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကို ချင်းမိုင်မှာ ဂုဏ်ပြုဆုချီးမြှင့်
မြန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ၀ါအရင့်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသား အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်ကို ဆုချီးမြင့်ရတာနဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။
ရှမ်းတိုင်းရင်းသား အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်ကို ဆုချီးမြင့်ရတာနဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။
နွားကားများအား တားဆီးရာမှ သေနတ်ဖောက်မှုဖြစ်ပွား
နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအတွင်း နိုဝင်ဘာလ(၃၀)ရက်ည (၁၀း၁၅)အချိန်ခန့်တွင် ကောင်းခါး ပြည်သူ့စစ်အဖွဲ့နှင့် ဆင်ကျော့
ပြည်သူ့စစ်အဖွဲ့တို့မှ နွားကားများမောင်းနှင်လာရာကျေးရွာသားများမှ တားဆီးသဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ဖောက်ခဲ့ကြောင်း သုံးဆယ်ကျေးရွာသားများထံများက ပြေကြသည်။
သုံးဆယ်လူငယ်အဖွဲ့မှ ၎င်းတို့၏ အမည်ဖြင့် ငွေတောင်းနေသည်ဟု သတင်းထွက်နေသောကြောင့် ၄င်းတို့အဖွဲ့မှ မည်သူမည်ဝါမှ မည်မျှ ငွေကြေးတောင်းခံသည်ကို သိရှိလို၍ နွားကားများအား

ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် ချထားသော မီးသတ်တပ်ဖွဲ့ဝင်များ အဖမ်းကြမ်းဟုဆို
နောင်ချိုမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း
စစ်ဆေးမှုပြုလုပ်ရာတွင် ပါဝင်သော မီးသတ် တပ်ဖွဲ့ဝင်များ၏
ဖမ်းဆီးပုံမှာ ကြမ်းတမ်းကြောင်း နောင်ချိုဒေသခံများမှပြောကြားသည်။
ယင်းသို့ဖမ်းဆီးမှု ကြမ်းတမ်းသဖြင့် ဆိုင်ကယ်မောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့အကြား မကြာခဏ ပဋိပက္ခ ဖြစ်ရကြောင်း
aနာင်ချိုဒေသခံများထံမှ သိရှိရသည်။
''သူတို့က ဦးထုပ်မဆောင်းတဲ့သူကို ဖမ်းတာ ဓါးပြတိုက်သလိုပဲ
အတင်းဆွဲပြီး တားတော့ ဆိုင်ကယ်မှောက် တာမျိုးတွေရှိတယ်
တစ်ချို့က ဒါကို ဓါတ်ပုံရိုက်လို့ ဓါတ်ပုံရိုက်တဲ့သူကို မီးသတ်တပ်ဖွဲ့ဝင်တွေက ပြဿနာရှာတာမျိုး လည်းရှိတယ်'' ဟု နောင်ချိုမြို့ဒေသခံ ဦးစိုးလွင်မှပြောသည်။

လေကြောင်းရန်ဇုန်သတ်မှတ်မှု ဆွေးနွေးဖို့ ကန် ဒုသမ္မတ တရုတ်သွားမည်
တရုတ်နိုင်ငံရဲ့ အငြင်းပွားစရာ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံနဲ့ ဆွေးနွေးပြီးတဲ့နောက် အမေရိကန် ဒုသမ္မတ Joe Biden ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဘေဂျင်းမြို့တော်ဆီ သွားမှာဖြစ်ပါတယ်။
တရုတ်က အခုလို လေကြောင်းဇုန်သစ် သတ်မှတ်တယ်လို့ ကြေညာလိုက်တဲ့အတွက် ဒေသတွင်း တင်းမာမှုတွေ တိုးလာခဲ့ပြီး၊ အတွက်အချက်မှားမှု၊ ကြိုတင်ခန့်မှန်းလို့ မရတဲ့ ကိစ္စတွေ ဖြစ်နိုင်တဲ့ အလားအလာ ပိုတိုးလာခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေ့နဲ့ အင်္ဂါနေ့က တွေ့ဆုံအပြီး ဒုသမ္မတ Biden က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပိုလန် CIA လျှို့ဝှက်စခန်းများကိစ္စ ဥရောပတရားရုံးစစ်ဆေး
အကြမ်းဖက်သမားအဖြစ် မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းဖို့ အမေရိကန် CIA ထောက်လှမ်းရေးအတွက် လျှို့ဝှက်အကျဉ်းထောင်တွေကို ပိုလန်နိုင်ငံထဲမှာ ခွင့်ပြုပြီး လူအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပိုလန်က လျစ်လျူရှုခဲ့သလားဆိုတာကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပသမဂ္ဂ တရားရုံးမှာ စတင် စစ်ဆေးနေပါပြီ။
ပိုလန်နိုင်ငံထဲက ခေါင်ဖျားတဲ့ လေယာဉ်ကွင်းနားမှာရှိတဲ့ CIA အကျဉ်းစခန်းဆီမှာ စစ်ကြောဖို့ ၂၀၀၂ ခုနှစ်က ခေါ်သွားခံရတယ်လို့ပြောတဲ့ ဆော်ဒီ အာရေးဗျက Abd al-Rahim al-Nashiri နဲ့ ပါလက်စတိုင်းမှာမွေးတဲ့ Abu Zubaydah တို့နဲ့ ပတ်သက်နေတဲ့ အမှုကို ပြင်သစ်နိုင်ငံ Strasbourg မြို့ တရားရုံးမှာ ကြားနာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနားကို အရေးတော်ပုံ ချီတက်သည့် လမ်းကြောင်းရှိ မြို့များတွင် ကျင်းပမည်
၁၃၀၀ ပြည့် လူထုအရေးတော်ပုံကြီး (၇၅) နှစ်ပြည့် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ အရေးတော်ပုံ ချီတက်ရာ လမ်းကြောင်းရှိ မြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ဗဟိုကော်မတီ ၀င်များထံမှ သိရသည်။
အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်တွင် ချောက်မြို့မှ စတင်ကာ မကွေး၊ အောင်လံ၊ ပြည်၊ မင်းလှ၊ ရန်ကုန်၊ မန္တလေး စသည့်မြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"ချောက်မှာ ဒီဇင်ဘာ ၁၁ ရက်မှာ အခမ်းအနား လုပ်မယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ဆင်နွှဲတဲ့ မြို့တွေတိုင်းမှာ အခမ်းအနားလုပ်ဖို့ စီစဉ်ထားတယ်။ ရည်ရွယ်ချက်က ၁၃၀၀ ပြည့် အရေးတော်ပုံ လှုပ်ရှားမှု (၇၅) နှစ် ပြည့်တယ်။ အဲဒီမှာ အလုပ်သမားတွေ လယ်သမားတွေ ကျောင်းသားတွေ ညီညွတ်တယ်ပေါ့ဗျာ။ အဲဒီ စိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်ဖို့ပေါ့" ဟု ၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် စာရေးဆရာ ဦးနေ၀င်းစံက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယနေ့စတင်မည်
ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းကျင်းပ ခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ကျင်းပမည် ဖြစ်သည်။
၄၄ နှစ်အကြာတွင် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံ ကျင်းပခွင့် ရခဲ့သော မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းစ်အဖွင့် ပထမဆုံး နေ့မှာပင် ရိုးရာခြင်းလုံး အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရရှိရန် ရေပန်းစားလျက် ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသော ၁၉၆၁

၁၉၈၈ ခုနှစ်မှ လက်ရှိအထိ စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးသူ ၁၆၀ ကျော်ရှိရာ ဦးရေ ၅၀ ၏ မိသားစုဝင်များကို ကျပ် ၁၀ သိန်းခန့်စီ ယခုနှစ်ကုန်ပိုင်း ထောက်ပံ့မည်
၁၉၈၈ မှ လက်ရှိအချိန်ထိ စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးသူ ၁၆၀ ဦးကျော်ရှိရာ ၅၀ ဦးတို့၏ မိသားစုဝင်များအား ငွေကျပ် ၁၀ သိန်း ၀န်းကျင်စီ ယခုနှစ်ကုန်ပိုင်းတွင် ထောက်ပံ့ကူညီမှု ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က ပြောကြားသည်။
အဆိုပါ ထောက်ပံ့ကူညီမှုကို နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တို့ ပူးပေါင်းကာ ကူညီခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးသွားသည့် မိသားစုဝင် ၆၀ ခုတို့၏စာရင်း ရှိထားပြီး ဖြစ်ကြောင်းနှင့် စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များ ဟုတ်မဟုတ် စိစစ်နေသည်ဟု ဦးမြင့်အောင်က ပြောကြားသည်။

မန္တလေး ဒိုင်းမွန်းပလာဇာ ကားပါကင်တွင် အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး တပ်ဆင်ထားသည့် ဒစ်ဂျစ်တယ်နာရီ အစုံလိုက် တွေ့ရှိ
ဒီဇင်ဘာ ၂ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ကားပါကင်တွင် အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး တပ်ဆင်ထားသည့် ဒစ်ဂျစ်တယ်နာရီ အစုံလိုက် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဗုံးဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ထားရှိခဲ့သည့် အဆိုပါ ဒစ်ဂျစ်တယ်နာရီ အစုံလိုက်ကို ကားပါကင် ငွေကောက်ခံသူ နေ့စားဝန်ထမ်းမှ ဒိုင်းမွန်းပလာဇာ ကားပါကင် မြေအောက်ထပ်ရှိ ကွန်ကရစ်တိုင် အောက်ခြေ၌ တွေ့ရှိသဖြင့် ကုလားထိုင်ပေါ်သို့ တင်ထားပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကိရိယာကို ဗုံးရှာဖွေရေး တာဝန်ရှိသူများက စစ်ဆေးရာ သံဖြူဘူးခွံ (ကားဒိုင်အုတ်ပုံစံ) နံဘေးတွင် ဓာတ်ခဲနာရီအနက် (ဒစ်ဂျစ်တယ် ဂဏန်းပါ)ကို အပြာရောင်တိပ်ဖြင့် ပတ်လျက် တွေ့ရှိရပြီး ပေါက်ကွဲစေနိုင်သည့် ယမ်းပါခြင်း ရှိမရှိ စစ်ဆေးရန် ထည့်ကာယူဆောင်သွားခဲ့သည်။
ဗုံးဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ထားရှိခဲ့သည့် အဆိုပါ ဒစ်ဂျစ်တယ်နာရီ အစုံလိုက်ကို ကားပါကင် ငွေကောက်ခံသူ နေ့စားဝန်ထမ်းမှ ဒိုင်းမွန်းပလာဇာ ကားပါကင် မြေအောက်ထပ်ရှိ ကွန်ကရစ်တိုင် အောက်ခြေ၌ တွေ့ရှိသဖြင့် ကုလားထိုင်ပေါ်သို့ တင်ထားပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်
အွန်လိုင်း၌ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများနေ
လာမည့် ၂၀၁၅ခုနှစ်၌ မည်သူသမ္မတဖြစ်သင့်သနည်းဆိုသည့်မေးခွန်းကို အွန်လိုင်းဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် http://voteme 2015.weebly.com/ပြည်သူများမှ ဆန္ဒမဲပေးကြရာ လက်ရှိအချိန်အထိ လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်ထက်လူနှစ်သက်မှုပိုများကြောင်း ဆန္ဒပြုသူများစာရင်းအရ သိရှိရသည်။
အဆိုပါစာရင်း၌ သမ္မတ ဦးသိန်းစိန်ကို လူဦးရေ ၁၄၀၁ဦးမှ မဲပေးထားပြီး ၅၄.၇၉ ရာခိုင်နှုန်း၊ ၄င်းနောက် ဒေါ်အောင်ဆန်းစုကြည် ကို ၁၀၃၂ ဦးမှမဲပေးကာ ၄၀.၃၆ ရာခိုင်နှုန်းနှင့် အခြားသူများကို အယောက်၈၄ဦး မဲပေးကာ၃.၂၉ရာနှုန်းနှင့် ဦးသူရ ရွှေမန်း ကို အယောက်၄၀ မဲပေးကာ၂ရာနှုန်းရှိကြောင်း အွန်လိုင်းအသုံးပြုသူများထံမှ သိရှိရသည်။
“ ဒီဆန္ဒမဲက အတည်ဟုတ်မဟုတ်မပြောနိုင်ပေမယ့် ပြည်သူအများစုကကိုယ်စိတ်ထဲရှိတာ ကို Vote လုပ်ကြတာလေ၊ ၂၀၁၅ ကျရင်တော့ ဘယ်သူသမ္မတဖြစ်မလဲဆိုတာပေါ်လာမှာပါ” ဟု အွန်လိုင်းအသုံးပြုသူတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ်ကျောင်းသားများ B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် လတ်မှတ်ရေးထိုး၍ စုပေါင်းတောင်းဆိုမည်
နည်းပညာတက္ကသိုလ်များတွင် AGTI နှင့် B Tech အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုခွင့်ရရန်
သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနသို့  မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများ စုပေါင်းလတ်မှတ်ရေးထိုး
တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ရက်က အမျိုသားဒီမိုကရေစီပါတီ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် စံချိန်ကောင်းများရရှိရန် လှေအဖွဲ့ပြင်ဆင်နေ
၂၇ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ၏ အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲတွင် စံချိန်ကောင်းများရရှိရန် အတွက် ကြိုးစားပြင်ဆင်နေပြီး သတ်မှတ်ထားသည့် စံချိန်ကောင်းများကိုလည်း ရရှိနေပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လှေလှော်နည်းပြ ဦးဇော်လွင်ထွန်းမှ ပြောသည်။
“စံချိန်ကောင်းတွေ ရရှိအောင် ကြိုးစားလေ့ကျင့်နေကြပါတယ်။ ဒါပေမယ့် လေတိုက်နှုန်း အပြောင်းအလဲကြောင့် လေ့ကျင့်ရာမှာ အခက်အခဲရှိနေပါတယ်။ လေမတိုက်တဲ့အချိန်ဆို စံချိန်က အရမ်းကောင်းမွန်ပြီး လေတိုက်တဲ့အခါဆိုရင် လှော်ရတာခက်တော့ စံချိန်နည်းနည်းလျော့သွားတာတွေ ဖြစ်တတ်ပါတယ်” ဟု

ချက်စ်ပြိုင်ပွဲတွင် ဆူညံပါက ဒေါ်လာ ၅၀၀ ပေးရမည်
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွင်း ထည့်သွင်းကျင်းပမည့် စစ်တုရင်အား ကစားနည်း ပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပနေသည့် အချိန်အတွင်း ဆူညံမှုများပြုလုပ်ပါက ဒဏ်ငွေ ဒေါ်လာ ၅၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်ကပြောသည်။
ဦးမောင်မောင်လွင်က စစ်တုရင် ကစားနည်းသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို အခြေခံထားသည့် ကစားနည်းဖြစ်သောကြောင့် ကစားသမားများကို အနှောင့်အယှက်အဖြစ်စေရန်အတွက် တင်းကြပ်သည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်ဟုလည်း ပြောသည်။ ၎င်းက “ပြိုင်ပွဲကျင်းပနေချိန် အတွင်းမှာ ကစားသမားတွေကို အနှောက်အယှက်ဖြစ်စေမယ့်

လွတ်လပ်ရေးမော်ကွန်းဝင်များကို အစိုးရမှ ထောက်ပံ့ပေးရန်မရှိသေး
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်သွေးချွေး ပေးဆပ်တိုက်ပွဲဝင်ခဲ့ ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင်များကို အစိုးရမှ ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေးဟု သမ်္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမ ကိုပြောသည်။
“မော်ကွန်းဝင်တွေကို ထောက်ပံ့ထားတာတွေရှိတယ်။ သူ့ဥပဒေပါအတိုင်း ခံ စားခွင့်ရှိတာတွေကို ခံစားခွင့် ပြုထားပါတယ်။ အစိုးရကနေပြီးတော့ သက်သက် အစီအစဉ်နဲ့ ထောက်ပံ့ဖို့တော့မရှိသေး ဘူး ”ဟု ၎င်းင်းက ဆိုသည်။
“မော်ကွန်းဝင်တွေကို ထောက်ပံ့ထားတာတွေရှိတယ်။ သူ့ဥပဒေပါအတိုင်း ခံ စားခွင့်ရှိတာတွေကို ခံစားခွင့် ပြုထားပါတယ်။ အစိုးရကနေပြီးတော့ သက်သက် အစီအစဉ်နဲ့ ထောက်ပံ့ဖို့တော့မရှိသေး ဘူး ”ဟု ၎င်းင်းက ဆိုသည်။
နာဂစ်မုန်တိုင်းသင့်ဒေသများ မိုးလေ၀သကြိုတင်သတိပေးစနစ် အမြန်ထားရှိရေး ဧရာဝတီတိုင်းလွှတ်တော်တွင် ဆွေးနွေးမည်
၂၀၀၈ ခုနှစ်၊ မတ်လက နာဂစ် ဆိုင်ကလုန်မုန်တိုင်းခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးလေ ၀သ ကြိုတင်သတိပေးစနစ် (Early Warning System) အမြန် တပ်ဆင်ထားရှိပေးရန် ဧရာ ၀တီတိုင်း လွှတ်တော်တွင် ဆွေးနွေးတော့မည်ဟု ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ လွှတ်တော်အမတ် ဦးဇော်ဝင်းက ပြောသည်။
ယုသန္တာတင်နှင့်တွေ့ဆုံခြင်း
ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
အနုပညာလောကထဲတွင် မော်ဒယ်ဘဝဖြင့် ရပ်တည်ခဲ့သည့် ယုသန္တာတင်အနေဖြင့် အနုပညာပျိုးခင်းရဲ့ စင်တင်ပံ့ပိုးပေးမှုများကြောင့် သရုပ်ဆောင်လောကထဲမှာလည်း နေရာတစ်ခုရရှိလာပြီး ရပ်တည်ခွင့်ရရှိလာပါတယ်။ အခုလိုရပ်တည်ခွင့် ရရှိလာခဲ့သလို အနုပညာပျိုးခင်းနဲ့ ထားရှိခဲ့တဲ့စာချုပ်သည်လည်း ၂ဝ၁၃ ခုနှစ်အတွင်းမှာ ပြည့်သွားပြီလို့ သိရတာကြောင့် သူမ အနုပညာလောကထဲမှာ ဘယ်လိုဆက်လက်ဖြတ်သန်းမှာလဲဆိုတဲ့အကြောင်းအရာများကို တီးခေါက်ကြည့် လိုက်တော့ . . .
ယူကရိန်း ဖြိုခွင်းပုံကို နေတိုးက ဝေဖန်
ယူကရိန်း နိုင်ငံမှာ ဆန္ဒပြ သူတွေကို လုံခြုံရေး တွေဘက်က အင်အားသုံး ဖြိုခွင်း ခဲ့တာနဲ့ ပတ်သက်လို့ နေတိုး အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ပြစ်တင်လိုက်ကြပါတယ်။
ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့မှာ ပြုလုပ်ခဲ့တဲ့ နေတိုး အဖွဲ့ အစည်းအဝေး အပြီးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း ယူကရိန်း အနေနဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။ ဆက်လက်ပြီး နှစ်ဘက်စလုံးကို ငြိမ်းချမ်းစွာ ဆောင်ရွက်ကြဖို့နဲ့ အကြမ်းနည်းသုံးပြီး ဖြေရှင်းတာမျိုး ဥရောပ နိုင်ငံ တခုအနေနဲ့ မရှိသင့်ဘူးလို့လည်း မစ္စတာ ကယ်ရီက