နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာ မှုထိန်းသိမ်းနိုင်ရေးအတွက် တံခါးဖွင့်လိုက် သော မြန်မာနိုင်ငံအနေဖြင့် တကျွိကျွိမြည်နေ ပြီဖြစ်သောယင်းအခြေခံအဆောက်အအုံများ အား ခေတ်မီသစ်လွင်အောင်လုပ်ဆောင်ဖို့ အ ရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးတော်တော်များများသည် မြို့ပြ အင်ဂျင်နီယာလုပ်ငန်းထဲဝင်ရောက်လာကြပြီး ယင်းတို့အထဲမှအချို့မှာ ဂျပန်နိုင်ငံသို့သွားရောက် ကာ နောက်ဆုံးပေါ် ဆောက်လုပ်ရေးနည်းပညာ များကို လေ့ကျင့် သင်ယူနေကြပြီ။
Pages
▼
11.12.13
မျက်နှာမှာ အလံပုံစံငယ် ဆေးခြယ်အားပေးမှု ခေတ်စားလာ
မြန်မာဘောလုံးလက်ရွေးစဉ် အသင်းနှင့် အရှေ့တိမော ဘောလုံး အသင်းတို့ ကန်သည့် ဒီဇင်ဘာ ၉ ရက်နေ့က သုဝဏ္ဏ အားကစားကွင်း အနီးတွင် မျက်နှာပြည့် ဆေးခြယ်နေသူတဦးကို တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ကျင်းပရာ ရန်ကုန် သုဝဏ္ဏအားကစားကွင်း အနီးမှာ မြန်မာနိုင်ငံတော် အလံနဲ့ အာဆီယံ နိုင်ငံတွေရဲ့ အလံပုံစံတွေကို မျက်နှာဆေးခြယ်ခြင်း (Face Painting) လုပ်ပေးနေသူ တချို့ကို တွေ့ရပါတယ်။

နိုင်ငံခြားအရက်များ မြေလျှိုးပြီး ဈေးနှုန်းက မိုးပျံ
မြန်မာပြည်မှာ ထုတ်သော Grand Royal၊ မြန်မာဘီယာ၊ အေးသာယာ ဝိုင်တို့သာ အရောင်းစင်ပေါ်မှာ ကျန်သည်။ နိုင်ငံခြား အရက်နှင့် ဝိုင်များ ရှာမရတော့ (ဓာတ်ပုံ – Al Jazeera)
မြန်မာနိုင်ငံသို့ သိန်းနှင့်ချီ ရောက်လာကြမည့် ကမ္ဘာလှည့်ခရီးသည်များ သာမက ပြည်တွင်းသောက်သုံးသူများအနေဖြင့် လတ်တလော တွေ့ကြုံနေရသည့် ခေါင်းခဲစရာ ပြဿနာမှာ ဝိုင်နှင့် အရက် ရှားပါးမှု ဖြစ်သည်။ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဈေးဆိုင်များတွင် ပစ္စည်းများ ပျောက်ဆုံးသွားပြီး မှောင်ခိုဈေးကွက်ဖြစ်ထွန်းသွားကာ ဈေးအဆမတန် ပေးဝယ်နေရပြီဖြစ်သည်။

ကျပ်သိန်းတစ်ထောင် ဥပဒေကြမ်း သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်ကို ပြန်ပို့
လွှတ်တော်ကိုယ်စားလှယ်တွေ ငွေကျပ်သိန်း တစ်ထောင်အသုံးပြုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်မထိုးပေးဘဲ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။
အဲဒီဥပဒေကြမ်းကို လာမယ့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက RFA ကို ပြောပါတယ်။
အဲဒီဥပဒေကြမ်းကို လာမယ့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက RFA ကို ပြောပါတယ်။
စစ်တွေမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြ
ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) ဟာ မွတ်စလင်တွေကိုသာ ကူညီနေတဲ့အတွက် စစ်တွေမြို့ခံ ၃၀ လောက်ဟာ ဒီကနေ့မနက်ပိုင်းက စစ်တွေဆေးရုံကြီးဝင်းထဲမှာ AZG(MSF) အဖွဲ့ကို အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။
Mandela ရုပ်အလောင်း အများပြည်သူ ကြည့်ရှုခွင့်ရ
ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်၊ အသားရောင်ခွဲခြားအုပ်ချုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေး ခေါင်းဆောင်လည်းဖြစ်တဲ့ Nelson Mandela ရဲ့ ရုပ်အလောင်းကို အများပြည်သူ ဂါရ၀ပြုနိုင်အောင် မြို့တော်မှာ အာဏာပိုင်တွေက စီစဉ်ပေးထားပါတယ်။
မစ္စတာ Mandela ရဲ့ ဇနီး Graca Machel နဲ့ လက်ရှိသမ္မတ Jacob Zuma တို့လည်း မစ္စတာ Mandela ရဲ့ ရုပ်အလောင်းဘေးကဖြတ်ပြီး ဒီကနေ့ ဂါရ၀ပြုခဲ့ကြပါတယ်။ ဖန်သားတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့အခေါင်းကိုတော့ တောင်အာဖရိက အစိုးရရုံးစိုက်ရာ Union

The Ideal Beauty ၀က်ဘ်ဆိုဒ်၏ အချောဆုံးအလှမယ် ၅၀ တွင် “ခင်ဝင့်ဝါ” ထပ်မံရွေးချယ်ခြင်းခံရ
The Most Beautiful Woman အချောလှဆုံးစာရင်းတွင် မြန်မာနိုင်ငံမှ ခင်ဝင့်ဝါသည် top-50 တွင် ထပ်မံတည် ရှိနေပြန်သည်။ ယင်းသည် ကမ္ဘာ့အချောလှဆုံးအလှမယ် Top -100 စာရင်းတွင်လည်း ဆက်လက်တည်ရှိနေကြောင်း Miss Golden Land Myanmar Organization က မဇ္ဈိမသို့ပြောသည်။
ယင်းအလှမယ်များရွေးချယ်ရာတွင် Miss World, Miss Universe, Miss Supr-anational, Miss Earth, Miss International, Miss Grand International 2013 စသည့် အလှမယ်ပြိုင်ပွဲများ အားလုံးထဲက အလှမယ်များကို The Most Beautiful Woman အချောလှဆုံးအလှမယ်အဖြစ် ရွေးချယ်ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း များတွင် တရားမဝင်ကုန်စည် လမကုန်မီ စတင်စစ်ဆေးမည်
မြန်မာတစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းရှိသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် တရားမဝင် ဝင်ရောက်လာသော ကုန်စည်များ တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို ယခုနှစ် ဒီဇင်ဘာလ မကုန်မီ အချိန်အတွင်း စစ်ဆေးမှုများ စတင်သွားမည် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက The Voice သို့ ပြောကြားသည်။
ဆီးဂိမ်းသတင်းအချက်အလက်များ ဖုန်းမှတစ်ဆင့် အခမဲ့မေးမြန်းနိုင်
ရန်ကုန် ။ ။ ဆီးဂိမ်းနှင့် ပတ်သက် သည့် သတင်းအချက်အလက်များ ကို ဖုန်းဖြင့် အခမဲ့မေးမြန်းနိုင်ပြီး မြန်မာဘာသာသာမက ဘာသာ စကားငါးမျိုးဖြင့် ၂၄နာရီ ပြန် လည်ဖြေကြားပေးသွားမည့် ဝန် ဆောင် မှုပေးနေ ပြီဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။
မန္တလေး SEA Games လက်မှတ် ပြင်ပပေါက်ဈေး နှစ်ဆခန့်မြင့်တက်
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည့် မန္တလေး မြို့တော်ရှိ လက်မှတ် အရောင်းဌာနများတွင် သတ်မှတ် စည်းကမ်းချက်နှင့် အညီ ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ပြင်ပပေါက် ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားကြောင်း အမျိုးသမီး ဘောလုံးပွဲကြည့်စဉ် လက်မှတ်ကို နှစ်ဆပေး ဝယ်ယူခဲ့ရသူများ ထံမှ သိရသည်။
SEA Games လက်မှတ် အရောင်းဌာနများတွင် လက်မှတ် ဝယ်ယူသူများသည် မှတ်ပုံတင် တစ်ခုလျှင် ပွဲစဉ်အလိုက် လက်မှတ် နှစ်စောင်သာ ရောင်းချပေးရန် SEA Games လက်မှတ် ရောင်းချရေးအဖွဲ့က ထုတ်ပြန် ထားသော်လည်း လက်မှတ် အရောင်းဌာနများတွင် သတ်မှတ်ချက်အတိုင်း

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသားဘောလုံးအသင်း ချန်ပီယံဆု ဆွတ်ခူးခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း၁၀၀၀ ကမ္ဘောဇဘဏ် လီမိတက် ချီးမြှင့်မည်
် မြန်မာဘောလုံးအသင်းများအတွက် ချီးမြှင့်မည့် ဂုဏ်ပြုဆုကြေးငွေများကို ကမ္ဘောဇဘဏ်လီမိတက်က ထုတ်ပြန်ကြေညာလိုက်သည်။
ကမ္ဘောဇဘဏ်လီမိတက်မှဆီးဂိမ်းစ်ပြ
(က) ကမ္ဘောဒီးယားအသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း(၁၀၀)။
(ခ) အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း(၁၀၀)။
(ဂ) ထိုင်းအသင်းကို အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၂၀၀)။
မြန်မာနိုင်ကျဉ်းတွေလွှတ် ကင်တားနားကြိုဆို
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၄၄ ဦးကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကြိုဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒီနှစ်ကုန် နောက်ဆုံးထားပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ရှေ့ရှု အကောင်အထည် ဖော်နေတာကို မစ္စတာ ကင်တားနားက ချီးကျူးလိုက်ပါတယ်။
သူစတင်တာဝန်ယူခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက နိုင်ငံရေးအမှုနဲ့ အကျဉ်းကျသူ ၁၉၀၀ ကျော် ရှိခဲ့ရာက အခုဆိုရင် ၅၀ အောက်အထိ လျော့ကျသွားကြောင်း၊ ဒါကြောင့် သိသိသာသာ တိုးတက်လာတယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား က ပြောဆိုလိုက်ပါတယ်။

တစ်နှစ်ခွဲအတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ၁၂၄ မှု ပေါ်ပေါက်
တစ်နှစ်ခွဲကာလအတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပေါင်း ၁၂၄ မှုရှိခဲ့ပြီး ရန်ကုန်တိုင်းအတွင်း အငြင်းပွားမှုမှာ ၁၀၂ မှုဖြင့် ထိပ်ဆုံးတွင် ရှိနေသည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်း ၀င်းက ပြောသည်။
၂၀၁၂ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလကုန်အထိ ၃၈ မှုနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ ၈၆ မှုတို့ ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။ အငြင်းပွားမှုပေါင်း ၁၂၄ မှုတွင် ခုံသမာဓိကောင်စီသို့ လျှောက်ထားသည့် အငြင်းပွား မှုမှာ ၆၄ မှုရှိပြီး အငြင်းပွားမှု ၆၄ မှုအနက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက် ထားမှု ၅ မှု ရှိခဲ့သည်။

ဆီးဂိမ်းပိတ်ပွဲ အားပေးမည့် ပရိသတ်များကို အခမဲ့ ကြိုပို့ပေးမည်
နေပြည်တော်၊ ၀ဏ္ဏသိဒိ္ဓ အားကစားကွင်းတွင် ဒီဇင်ဘာ ၂၂ ရက်၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ လာရောက်အားပေးမည့် ပရိသတ်များကို ပြိုင်ပွဲကျင်း ပရေးဆိုင်ရာ ပြည်သူလူထု သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီက အခမဲ့ပို့ဆောင်ပေးရန် စီစဉ်ထားသည် ဟု ဥက္ကဋ္ဌဒေါ်သန်းသန်းမြင့်က ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
“အကြိုအပို့အတွက် အခမဲ့ ပို့ဆောင်ပေးမှာဖြစ်သလို ဒီကုန်ကျစရိတ်ကိုလည်း ဘယ်ပို့ဆပ်ကော်မတီက အကုန်အကျခံမှာပါ။ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီခွဲအထိ ပို့ဆောင်ပေးသွားမှာပါ၊ ဖွင့်ပွဲနဲ့ ပိတ်ပွဲနှစ် ရက်ကို အခုလို အခမဲ့ စီစဉ်ပေးသွားမှာပါ”ဟု ဒေါ်သန်းသန်းမြင့်က ရှင်းပြသည်။

ခါးပိုက်နှိုက် (၂)ဦးဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် ၁၁.၁၂.၂၀၁၃ရက်နေ့ ၀၈၂၅အချိန်တွင် ခါးပိုက်နှိုက်
ဖမ်းဆီးရေးတာဝန်အား လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း၊ ဗိုလ်ချုပ်ကားမှတ်တိုင်၌ဆောင်ရွက်စဉ် အမှတ်(၁၂၁)ယာဉ်လိုင်းပေါ်မှ ဆင်းလာသော ခါးပိုက်ပြစ်ချက်ဟောင်းရှိ၊ လှိုင်သာယာမြို့နယ်
နေသူများဖြစ်သည့် မောင်ကျော်(ခ) ကျော်ကြီး(ခ)မောင်ဦး (ဘ)ဦးတင်ဦး၊ ပိုင်ပိုင်(ဘ)ဦးသိန်းဟန်တို့ (၂)ဦးအားဖမ်းဆီးရမိစစ်မေးရာ ၎င်းယာဉ်ပေါ်ပါ အသက် (၃၅)နှစ်ခန့်ရှိ အမျိုးသား (၁)ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ
ငွေကျပ် (၃၀၀၀၀)နှိုက်ယူရာတွင် ပိုင်ပိုင်မှလူကာပေးပြီး မောင်ကျော်(ခ)
ကျော်ကြီး(ခ)မောင်ဦးမှ နှိုက်ယူခဲ့ကြောင်း

ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား
ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင် အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြား သည့် တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ် လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦးကပြောသည်။
အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်
အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ကျောင်းထွက်နှုန်းမြင့်သော အလယ်တန်း ပညာရေးကို တားဆီးရန် လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

တရုတ်လုပ်ငန်းရှင်များကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်စေလို
တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆို ရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကိုပဲ လုပ်စေချင်တဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့က စီးပွားရေးလုပ်ငန်းရှင် ၇၀ ၀န်းကျင် ရန်ကုန်ကို လာရောက်ပြီး မြန်မာ စီးပွားရေးလုပ်ငန်းရှင် ၅၀ လောက်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော
ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အဓိကအသုံးပြုသွားတဲ့ ပေ ၃၅၀ ကျော် အရွယ်အစားရှိတဲ့ LED ဖန်သားပြင် အပါအ၀င် ရုပ်ထွက်နည်းပညာအားလုံးကို တရုတ်နိုင်ငံ အကူအညီနဲ့ တင်ဆက်ခဲ့တာလို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။
၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်နဲ့ ၂၀၁၀ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွေမှာ တာဝန်ယူ တင်ဆက်ခဲ့တဲ့ တရုတ်အားကစားကော်ပိုရေးရှင်းကပဲ သူတို့ ပစည်းတွေ၊ နည်းပညာတွေနဲ့ လာရောက်ကူညီတင်ဆက်ခဲ့တာလို့ ပြောပါတယ်။
၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်နဲ့ ၂၀၁၀ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွေမှာ တာဝန်ယူ တင်ဆက်ခဲ့တဲ့ တရုတ်အားကစားကော်ပိုရေးရှင်
အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို
မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။
၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့အခမ်းအနားတွင် ယင်းကပြောကြားလိုက်ခြင်း ဖြစ်သည်။
၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင