Pages

18.12.13

ဖိလစ်ပိုင်အတွက် အမေရိကန်စစ်ရေးအကူအညီ ဒေါ်လာသန်း ၄၀ ပေးမည်

ဖိလစ်ပိုင်နိုင်ငံအတွက် စစ်ရေးအကူအညီသစ် အမေရိကန်ဒေါ်လာ သန်း ၄၀ ပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကြေညာလိုက်ပါတယ်။ ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ ကာလရှည် မဟာမိတ်နိုင်ငံတခုဖြစ်ပြီး တရုတ်နိုင်ငံနဲ့ နယ်မြေ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ နိုင်ငံပါ။

SEA Games မှာ ဆူပူသူတချို့ ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ မြန်မာနိုင်ငံက အမျိုးသား ဘောလုံးအသင်း မနေ့က ရှုံးနိမ့်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေမှာ ပါဝင်သူ တချို့ကို ခေတ္တထိန်းသိမ်းပြီး အခုနောက်ဆုံး ပြန်လွှတ်ပေးလိုက်ပါတယ်။ အကြမ်းဖက်

ဂျပန်နိုင်ငံ စစ်အသုံးစရိတ် ၅ ရာခိုင်နှုန်းတိုးမြှင့်

ဂျပန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ် ၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး ဒေသတွင်း ကာကွယ်ရေးမှာ သူ့တပ်ဖွဲ့တွေကို ပိုမို တာဝန်ယူစေဖို့ ကာကွယ်ရေးအစီအစဉ်သစ်တွေ ချမှတ်လိုက်ပါတယ်။

အင်္ဂါနေ့က အစိုးရအဖွဲ့ အတည်ပြုလိုက်တဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာနဲ့ ကာကွယ်ရေးလမ်းညွှန်ချက်တွေဟာ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ စစ်အင်အားကို တစိတ်တဒေသ တုံ့ပြန်ဆောင်ရွက်တာဖြစ်တယ်လို့ ယူဆစရာဖြစ်ပါတယ်။

မြန်မာအပါအ၀င် အာဆီယံရှစ်နိုင်ငံ၌ ကင်ဆာဝေဒနာရှင်တစ်ဦးချင်းစီ၏ ကျန်းမာရေးကုန်ကျစရိတ်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှုအခြေအနေကို သုတေသနပြုလုပ်

မြန်မာအပါအ၀င် အာဆီယံနိုင်ငံများ၌ ကင်ဆာဝေဒနာရှင်တစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှုအခြေအနေကို သုတေသနပြုလုပ်လျက်ရှိသည်။
အဆိုပါ စီမံချက်အမည်မှာ "ASEAN COST IN ONCOLOGY PROJECT" ဖြစ်ပြီး အာဆီယံနိုင်ငံများအနက် စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံမှအပ

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားထုတ်ပေးရေး One stop Service အစီအစဉ် ယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာ အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများထုတ်ပေးမည့် One stop Service Center ဖွင့်လှစ်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ထိုင်းအခြေစိုက် မဲဆောက်နယ်စပ် အလုပ်သမားများအဖွဲ့မှ ဦးမိုးကြိုးက ပြောကြားသည်။
ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ယုဒသန်ရိပ်သာ၌ ပြုလုပ်သည့်

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏ နယ်သတင်းထောက်အား သတင်းရယူမှုနှင့် ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလချမှတ်

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏သတင်းထောက်အား သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးမှ ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ သွားရောက်

အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက်တွင် ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ သွားရောက်လေ့လာခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်နိုင်ငံ ခရီးစဉ်မှ သမ္မတဦးသိန်းစိန် ပြန်လည်ရောက်ရှိ

ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ်(၄၀)ပြည့် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ပြီးနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံမှ ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ရွှေတံဆိပ်အတွက် ကျော်ဖြတ်ရမည့်အတားအဆီးတစ်ခု

ယနေ့ညနေ (၇း၃၀) တွင် မန္တလာသီရိအားကစားကွင်းမှာ
ဆီးးမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအမျိုးသမီး
နှင့် ထိုင်းအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါတယ်။

အိမ်ရှင်မြန်မာ အသင်းနဲ့ ထိုင်းအသင်းတို့သည် ဆီးဂိမ်းပြိုင်ပွဲများတွင်
ခါးသီးပြိုင်ဘက်ကောင်းများဖြစ်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းသည်

မြန်မာစစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှုချမှတ်

မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိတစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့မှာ ကြေညာချက်

အိန္ဒိယသံအရာရှိအပေါ် အမေရိကန်အရေးယူမှုကြောင့် နှစ်နိုင်ငံတင်းမာမှုတိုး

အိန္ဒိယသံတမန်တယောက်ကို နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်နဲ့ အိန္ဒိယနိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာနေပါတယ်။

အိန္ဒိယမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို သူတို့ရဲ့ ID ကဒ်ပြားတွေကို ပြန်ပေးဖို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောခဲ့ပြီး လေဆိပ်ဝင် ခွင့်တွေကို ပယ်ဖျက်ခဲ့သလို New Delhi မြို့ အမေရိကန်သံရုံးရှေ့က လုံခြုံရေး အတားအဆီးတွေကို ဖယ်ရှားခဲ့ပါတယ်။

တယ်လီဖုန်းမှတ်တမ်းတွေ လျှို့ဝှက်စုဆောင်းမှု တရားရုံးဆုံးဖြတ်ချက် အယူခံဝင်မည်

သန်းနဲ့ချီ အမေရိကန်နိုင်ငံသားတွေရဲ့ တယ်လီဖုန်းမှတ်တမ်းတွေကို လျှို့ဝှက်ရယူ စုဆောင်းထားတာဟာ ဖွဲ့စည်းပုံနဲ့မညီဘူးလို့ ဖက်ဒရယ်တရားသူကြီးတဦးက ဆုံးဖြတ်တဲ့အပေါ်မှာ အမေရိကန်အစိုးရဘက်က အယူခံမယ်လို့ မျှော်လင့်ရပါတယ်။ တရားသူကြီးရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန် ထောက်လှမ်းရေး အစီအစဉ်တွေရဲ့ တရားဝင်မှုနဲ့ပတ်သက်လို့
ငြင်းခုံဆွေးနွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

ကျားဟော်မုန်းများခြင်းက အသက်တိုခြင်းနှင့် ဆက်စပ်နေ

ကျားဟော်မုန်းများခြင်းက အသက်တိုခြင်းနှင့် ဆက်စပ်နေတက်စတို စတီးရုန်း၊ (ကျားဟော်မုန်း)ဟာ နှလုံး၏ လုပ်ငန်းဆောင်တာ များကို ထိန်းညှိရာတွင် အကူအညီ ပေးပါတယ်။ သုက်ပိုး ထုတ်လုပ်ခြင်း၊ အရိုး ကျန်းမာရေး၊ စွမ်းအင်ပမာဏ၊ အာရုံစူးစိုက်ခြင်းနှင့် ကြွက်သားထု ထည်တို့တွင် တစ်စိတ်တစ်ပိုင်း ပါဝင် ဆောင်ရွက်ပါတယ်။

နိုင်ငံတကာပြည်ပရွှေ့ အခြေစိုက်သူများနေ့

ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ကို ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူ များ နိုင်ငံတကာနေ့ အဖြစ် ကုလသမဂ္ဂ အဖွဲ့ကြီး က သတ်မှတ် ပြဌာန်း ခဲ့တာ ဒီနှစ် ဆိုရင် ၁၃နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။

ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူ များနေ့ ဖြစ်ပေါ် လာပုံ ဟာ ပြည်ပထွက် အလုပ်လုပ်နေကြသူ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရေး နိုင်ငံတကာ ပဋိဉာဉ် စာတန်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ က ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ရက် နေ့ မှာ အတည်ပြု ပြဌာန်း ခဲ့တာပါ။

စားသုံးသူ ကွန်ရက်တွင် စားသောက်ကုန် ထုတ်သူနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ကိုင်နေသူများကို ဖိတ်ခေါ်

မြန်မာစားသုံးသူ ကွန်ရက်တွင် စားသောက်ကုန်ထုတ် လုပ်ငန်းများနှင့် စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ကိုင်နေသူများ အားလုံးပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

"ကွန်ရက်မှာ စားသောက်ကုန်နဲ့ ပတ်သက်ပြီး လုပ်ကိုင်နေသူတွေ စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းမှု ဆိုင်ရာတွေကို လုပ်ကိုင်နေတဲ့သူတွေ အားလုံးပါဝင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ ဒီကွန်ရက်မှာ ဥပဒေ ပညာရှင်တွေလည်း ပါဝင်ပါတယ်" ဟု မြန်မာစားသုံးသူများ ကွန်ရက်မှ ဦးဆောင်သူ ဦးစိုးထွန်းက ပြောကြားသည်။

ရွှေတောင်စားစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှု အောင်ပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင် စား စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်မှုအောင်ပွဲ၊ ရှေးဟောင်းသမိုင်းဝင် ရဟန္တာ သိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ရွှေတောင်စားစေတီတော် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သုံးပတ်အတွင်း နိုင်ငံခြားငွေကြေးသုံးမျိုး အသုံးပြုနိုင်သည့် Multicurrency Visa Travel Prepaid Card အသုံးပြုသူ ၅၀၀ အထိရှိလာ

သုံးပတ်အတွင်း မြန်မာ့ရှေ့ဆောင် ဘဏ်မှ နိုင်ငံခြားငွေကြေး သုံးမျိုးဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အသုံးပြုနိုင်သည့် Multicurrency Visa Travel Prepaid Card အသုံးပြုသူ ၅၀၀ အထိ ရှိလာကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ သိရသည်။

တရုတ်နိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ခေါင်းပုံဖြတ်ခံရခြင်း၊ အကြမ်းဖက် ခံရခြင်းနှင့် အလုပ်ရှင်နှင့်ရဲပေါင်းကာ ဖိနှိပ်ခြင်း ခံနေရ

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်တွင် ခေါင်းပုံဖြတ်ခံရခြင်း၊ အကြမ်းဖက် ခံရခြင်းနှင့် အလုပ်ရှင်နှင့်ရဲပေါင်းကာ ဖိနှိပ်ခြင်းများကို ကြုံတွေ့နေရကြောင်း Treasure land Development Association မှ ပရိုဂရမ် မန်နေဂျာ ကိုဇော်မြင့်ထွန်းက "ရွှေ့ပြောင်းရေးရာနှင့် လူထုအကျိုးပြု အဖွဲ့များ အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြားသည်။

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေရှိလာ

ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့သဘောထားတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆပိုများလာတယ်လို့ စစ်တမ်းကောက်ချက်တွေအရ သိရပါတယ်။

ရှမ်းပြည် ကွမ်းလုံမြို့က ပေါက်ကွဲမှု ၅ ဦး သေဆုံး

ချင်းရွှေဟော်ကနေ ကွမ်းလုံကို မောင်းလာတဲ့ ထော်လာဂျီဟာ အခင်းဖြစ်နေရာအရောက်မှာ ပေါက်ကွဲ သွားပြီး အနီးမှာ ရပ်ထားတဲ့ Asia World ကုမ္ပဏီပိုင် Paver Machine XRMC အမျိုးစား လမ်းခင်း စက်ပေါ် ရှိ စက်မောင်း ၂ ဦးနဲ့ ဆိုင်ကယ် စီးနင်းလာတဲ့ တပ်မတော်သား ၁ ဦးတို့ သေဆုံးခဲ့ပြီး အခြား၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ မြဝတီကို ကိုးကားပြီး ကြေးမုံသတင်းက ဆိုပါတယ်။