Pages

7.2.14

စိတ်ဖောက်ပြန်သူကိုကြောက်၍ အိမ်ကထွက်ပြေးရာမှ ပြန်လာကြည့်သောအခါ ကြိုးဆွဲချသေဆုံးနေသည့် စိတ်ဖောက်ပြန်သူကိုတွေ့ရှိ

မင်္ဂလာဒုံမြို့နယ်တွင် စိတ်ဖောက်ပြန်ပြီး သောင်းကျန်းနေသည့်သူကို အိမ်တွင်ထားခဲ့ရာမှ ကြိုးဆွဲချသေ ဆုံးသွားသည်ဆိုသည့်အမှုကို မင်္ဂလာဒုံရဲစခန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ဓမ္မတာသေဆုံးခဲ့ခြင်း ဟုတ် မဟုတ်ကို အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ 
အမှုတွင် မင်္ဂလာဒုံရဲစခန်းမှ တာဝန်ရှိသူများသည် ပလရ ရပ်ကွက်၊ ကြူစမ်းရွာသစ်၊ ဂရုဏာ (၁) လမ်း သွယ်၊ အမှတ် (၉၃)နေအိမ်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးကြောင်း နံနက် ၈ နာရီသတင်းအရ သွား ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။