Pages

7.3.14

ဟောင်ကောင်ရောက် မြန်မာ အိမ်အကူတွေ အတွက် စိုးရိမ်



၇.၃.၂၀၁၄၊ သောကြာနေ့

ဟောင်ကောင်ကို မြန်မာနိုင်ငံက အလုပ်သမား တင်ပို့တဲ့ အစီအစဉ်ရဲ့ ပထမဆုံး အသုတ်အဖြစ် မြန်မာ အိမ်အကူ မိန်းကလေး ၁၉ ယောက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ဟောင်ကောင်ကို သွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဟောင်ကောင်က တရားရုံးတွေမှာ အိမ်အကူတွေကို အိမ်ရှင်တွေက ဖိနှိပ်တာတွေ အနိုင်ကျင့်တာတွေနဲ့ ပက်သက်တဲ့ အမှုအခင်းတွေ တော်တော်များများ ရှိနေတဲ့အတွက် အသစ် ရောက်သွားတဲ့ မြန်မာ အိမ်အကူ လုပ်သားတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။