Pages
▼
7.11.14
သမ္မတ အိုဘားမား အီရန်ဘာသာရေးခေါင်းဆောင်ကို လျှို့ဝှက်စာပေးပို့
အမေရိကန်သမ္မတ အိုဘားမားက အီရန်ထိပ်တန်းဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကို လျှို့ဝှက်စာရေးသားပေးပို့ခဲ့တယ်လို့ အမေရိကန်သတင်းစာ Wall Street Journal မှာ မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။
ran's Supreme Leader Ayatollah Ali Khameneiအီရန်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးမှာ နှစ်နိုင်ငံ ရပ်တည်ချက်တူညီတယ်လို့ သမ္မတ အိုဘားမားက ရေးသားပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နျူကလီးယားဆွေးနွေးပွဲ နောက်ဆုံးရက်မတိုင်ခင် နျူကလီးယား သဘောတူညီမှုရရှိဖို့အတွက်လည်း အီရန်ခေါင်းဆောင်ကြီးကို တိုက်တွန်းထား ပါတယ်။
အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှု မှန်သမျှဟာ အီရန်နျူကလီးယား သဘောတူညီမှုပေါ် မူတည်တယ်လို့ သမ္မတ အိုဘားမားက ထည့်သွင်းရေးသား ထားပါတယ်။
သမ္မတရဲ့ ပုဂ္ဂိုလ်ရေး ဆက်သွယ်ရေးသားမှုဖြစ်လို့ ဒီစာနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုဖို့ အိမ်ဖြူတော်က ငြင်းဆန်ပါတယ်။
ဒီစာဟာ သမ္မတရဲ့ ၄ ကြိမ်မြောက် ရေးသားတဲ့စာဖြစ်ပြီး ပြီးခဲ့တဲ့လလယ်က ရေးသားပေးပို့ ခဲ့တာပါ။
သမ္မတအိုဘားမား စာတွေ ရေးသားပေးပို့တာကို အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ထိပ်တန်းခေါင်းဆောင်တိုင်းတောင် သိရှိခြင်း မရှိပါဘူး။
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာလည်း အမေရိကန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ အိုမန်နိုင်ငံမှာ တွေ့ဆုံဖို့ ရှိပါတယ်။
DVB
နိုင်ဂျီးရီးယားတွင် ထောင်ဖောက် မှုများကြောင့် ငါးနှစ် အတွင်း အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက် သွားခဲ့
နိုင်ဂျီးရီး ယားနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်အ တွင်းအ ကျဉ်းသား၂၀၀၀ ကျော် ထွက်ပြေး လွတ်မြောက်သွား ခဲ့ကြ ကြောင်းနှင့် အဓိက အကြောင်း ရင်းမှာ အကျဉ်းထောင် များအား အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကို ဟာရမ် အဖွဲ့၏ တိုက်ခိုက် မှုများ ကြောင့် ဖြစ်ကြောင်း နိုင်ဂျီးရီးယား အာဏာပိုင် များက ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၆ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အကျဉ်းထောင်စီးနင်း တိုက်ခိုက်မှုများ အတွင်းတွင် ထောင်ဝန်ထမ်း ဒါဇင်နှင့်ချီ၍ သေဆုံးသွားခဲ့ ရကြောင်းလည်း ၎င်းတို့က ဆိုကြသည်။
ပြီးခဲ့သည့်လအတွင်းက မူဘိမြို့အား ဂျီဟတ်ဝါဒီများ စီးနင်းတိုက်ခိုက်ခဲ့စဉ်တွင် အကျဉ်း သားများ ရာနှင့်ချီကာ လွတ်မြောက် သွားခဲ့သည်။ ယခုအပတ် ထဲတွင် လည်း စစ်သွေး ကြွများ သည်ကို ဂီပြည်နယ် အတွင်းရှိ ထောင် တစ် ခုအား အပေါက် တစ်ခု ဖြစ် လာစေ ရန် ဖောက်ခွဲ ခဲ့ရာ အကျဉ်း သားဒါ ဇင်ပေါင်း များစွာ လွတ်မြောက် သွားခဲ့သည်။
၂၀၀၉ ခုနှစ်ကလည်း မေ့ဒ်ဒူဂူရီ မြို့တွင် အကျဉ်းသား ၅၀၀ နီးပါး လွတ်မြောက်သွားခဲ့သည်။ စုစုပေါင်း အကျဉ်းသား ၂၂၅၁ ဦးထွက်ပြေးသွားခဲ့ ကြကြောင်း နှင့် ၎င်းတို့ထဲမှ အများစုမှာ လွတ်မြောက်နေကြဆဲ ဖြစ်ကြောင်း အာဏာပိုင်များက ဆိုခဲ့သည်။
နိုင်ဂျီးရီးယားအကျဉ်းထောင် ၂၃၉ ခုတွင် အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၅၇၀၀၀ ခန့် ရှိကြောင်း နိုင်ဂျီးရီးယားအကျဉ်းထောင်များဆိုင်ရာဌာန က ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
မကြာသေးမီက ဂျီဟတ်ဝါဒီများသည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ပြင်သစ်ဘိလပ်မြေစက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ကာ ဒိုင်းနမိုက် များစွာကို သိမ်းဆည်း နိုင်ခဲ့ကြရာ ထောင်ဖောက်ခွဲမှုများ ပိုဖြစ်လာဖွယ်ရှိကြောင်း လာဂို့စ်မြို့မှ ဘီဘီစီသတင်းထောက် ဝီးလ်ရော့စ်က ဆိုထားသည်။
Ref: BBC
ကိုယ်တိုင်လူသတ်ပြီး သတင်းပြန်ရေးသည်ဟုဆိုကာ အင်ဒို မှုခင်းသတင်းထောက် အဖမ်းခံရ
လူတစ်ဦးကို သတ်ဖြတ်လိုက်ကာ အဆိုပါ သေမှုသေခင်း သတင်းကို သတင်းပြန်လုပ် ရေးသားသည့် မသင်္ကာမှုဖြင့် အင်ဒိုနီးရှား မှုခင်းသတင်းထောက် တစ်ဦး အဖမ်းခံထားရကြောင်း sky news သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Pekanbaru express သတင်းဌာနအတွက် အလုပ်လုပ်နေသည့် အက်ဒီဆင်ပါဘာဆိုသူ သတင်းထောက်သည် လူသတ်မှုနှင့် ဆက်စပ်လျက် ပြီးခဲ့သည့် သီတင်းပတ်က အဖမ်းခံရခြင်း ဖြစ်သည်။
ဆူမားတြား ကျွန်းမြို့တော် ပီကန်ဘာရူရှိ ဘဏ်တစ်ဘဏ်မှ ငွေကြေးများ ထုတ်ယူခဲ့ပြီးနောက်တွင် အဆိုပါမှုခင်း သတင်းထောက်က မှုခင်းဖြင့် အဖမ်းခံရခြင်း ဖြစ်သည်။
“အထောက်အထားတွေအရ ဒီလူသတ်မှုမှာ အက်ဒီဆင် ပါဝင် ပတ်သက်နေပါတယ်” ဟု အထူးရဲစုံထောက် အကြီးအကဲ မစ္စတာ ဟာရီဝီယာဝမ်က ပြောကြားခဲ့သည်။
အက်ဒီဆင်ပါဘာသည် ရဲများနှင့် ယခင်ကတည်းက ဆက်ဆံရေးရှိပြီး ၎င်း၏ မှုခင်းသတင်းများအတွက် လာရောက် အင်တာဗျူးလေ့ ရှိသူဖြစ်သည်။
လူသတ်သမားသည် လူသတ်ခဲ့ရာ နေရာကို ပြန်လာခဲ့ပြီး ၎င်းအလုပ်လုပ်နေသည့် အင်တာနက် သတင်းစာမျက်နှာအတွက် သတင်းရယူ ထောက်လှမ်းခဲ့ကြောင်း ရဲက ထုတ်ပြန်ခဲ့သည်။
သေဆုံးနေသူ၏ အလောင်းဓာတ်ပုံနှင့်အတူ သတင်းကိုဖော်ပြခဲ့ရာ အဆိုပါသတင်းက စာဖတ်သူများထံသို့ ရောက်ရှိခဲ့ပြီး သတင်းထဲတွင် ပါဘာက အသတ်ခံရသူသည် မူယိုနို ၃၅ နှစ် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး လူသတ်သမားနှင့် သတ်ရခြင်း အကြောင်းရင်းကို မသိရသေးကြောင်း ရေးသားခဲ့သည်။
သတင်းထောက်နှင့်အတူ အခြား တရားခံဟု ယူဆရသူ နှစ်ဦးလည်း အဖမ်းခံခဲ့ရပြီး တစ်ဦးက ၎င်းရထိုက်သည့် ဝေစုမရသောကြောင့် ရဲကို လာရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။
“သူတို့က အချင်းချင်းကို လူသတ်သမား အဖြစ် စွပ်စွဲနေကြတယ်” ဟု စုံထောက်အရာရှိ ဟာရီဝီယာဝမ်က ပြောကြားခဲ့သည်။
The Voice Weekly

ဘင်လာဒင်ကို ပစ်သတ်သူ ထုတ်ဖေါ်ပြောကြား
၂၀၁၁ ခုနှစ်တုံးက ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတဲ့ အယ်လ်ကိုက်ဒါး အကြမ်းဖက် အုပ်စု ခေါင်းဆောင် အိုစမာဘင်လာဒင် ရဲ့ ခြံဝန်းကို သန်းခေါင်ယံ အချိန် ၀င်ရောက်စီးနင်းတိုက်ခိုက်ရာမှာပါဝင်ခဲ့သလို ဘင်လာဒင်ကို ပစ်သတ် ခဲ့တဲ့သူဟာ သူဖြစ်ကြောင်း အမေရိကန်ရေတပ်ကွန်မန်ဒို စစ်ပြန်တယောက်က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။
သူ့ရဲ့ နာမည်ကို ၃ နှစ်ကျော် လျှို့ဝှက်ထားခဲ့ပေမဲ့ Robert O’Neill ဆိုသူက ဘင်လာဒင်ကို သေနတ်နဲ့ သုံးချက် သူပစ်ခတ်ခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေကို ပြောဆိုပါတယ်။ ၂ ချက်ဟာ နှစ်ဖူးကိုထိမှန်ပြီး ၊ Abbottabad မြို့နေအိမ်အတွင်းက သူ့ရဲ့ကုတင်ရှေ့မှာ လဲကျသွားပြီးတဲ့နောက် နောက်ထပ် တချက် ထပ်ပစ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
O’Neill က သူဟာ ဘင်လာဒင်ရဲ့ နေအိမ်ဝန်းအတွင်းကို ၀င်ရောက်ခဲ့တဲ့ NAVY SEAL Team 6 လို့ ခေါ်တဲ့ ရေတပ် အထူးကွန်မန်ဒို အုပ်စု (၆) ရဲ့ ရှေ့ဆုံးနေရာ အနီးမှာ ရှိနေကြောင်းနဲ့ ၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံမှာ လူပေါင်း ၃ ထောင်လောက်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကြီးကို ကြိုးကိုင် စီစဉ်ခဲ့သူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ပြောပါတယ်။
သူ့ရဲ့ ညကြည့်မျက်မှန်နဲ့ ဘင်လာဒင်မမြင်ရသေးခင် ဘင်လာဒင်ရဲ့ အခန်းကို ပထမဆုံးရောက်သွားတဲ့ ကွန်မန်ဒိုက တချက်စပြီး ပစ်ခတ်လိုက်ပေမဲ့ လွဲသွားပုံရကြောင်း O’Neil ကပြောပါတယ်။
အနည်းဆုံး SEAL ကွန်မန်ဒို ၂ ယောက်ကလည်း ၀င်ရောက်ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း အသက် ၃၈ နှစ် အရွယ် O’Neill ကပြောပါတယ်။ အဲဒီအထဲမှာ No Easy Day စာအုပ်ရေးသားတဲ့ Mark Bissonnette လည်းပါတယ်လို့ သူကပြောပါတယ်။
VOA