ကားတင်သွင်းခွင့်ပါမစ်
အသစ်ကန့်သတ်ချက်များသည် ကားလမ်းပိတ်ခြင်းကို ဖြေရှင်း သည်ထက်
အရောင်းပြခန်းပိုင် ရှင်များအတွက်သာ အကျိုးဖြစ် ထွန်းစေကြောင်း သတင်းရရှိ
သည်။
ယခုနှစ်တွင် ကားသွင်းခွင့် ပါမစ်လျှောက်ရာ၌ကားပါကင် လိုအပ်ခြင်း၊ သန်းခေါင်စာရင်း ပါအိမ်ထောင်ဦးစီးဖြစ်ရမည်ဟု သတ်မှတ်ခြင်း၊ သန်းခေါင်စာရင်း မူရင်းဖြင့်သာ လျှောက်ထားနိုင် ခြင်း၊ ရဲစခန်း၊ ရပ်ကွက်ထောက်ခံ စာများလိုအပ်နေခြင်းတို့ကြောင့် တစ်ဦးချင်းကား ပါမစ်လျှောက်ရာ တွင် အခက်အခဲများဖြစ်စေသည် ဟု ကားဝယ်ရောင်းများက ပြော သည်။