Pages

9.1.15

ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များကို သဘာဝဘေးအန္တရာယ် ကူညီရေးလုပ်ငန်းများတွင် အသုံးချရန် ဆက်လက် ထုတ်လုပ်သွားမည်

ပြည်တွင်း၌ မောင်းသူမဲ့လေယာဉ် ၇ စီးကို ထုတ်လုပ်နိုင်ခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာတက္ကသိုလ်က အဆိုပါ လေယာဉ်ငယ်များကို သဘာဝဘေးအန္တရာယ် ကျလာသော ဒေသများတွင် ကူညီကယ်ဆယ်ရေး ယာဉ်များအဖြစ်လည်းကောင်း၊ သုတေသနပြု လုပ်ငန်းများ အတွက်လည်ကောင်း အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။