Pages

23.3.15

၅၉ (စ) ကို ၁၉၄၇ အခြေခံဥပဒေတွင် ထည့်သွင်းထားသည်ဟု နိုင်ငံတော်သမ္မတ ပြောဆိုချက် မှားယွင်းဟု ဥပဒေပညာရှင်အချို့ ပြောကြား

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ အဖြစ် ယှဉ်ပြိုင်ခွင့်ကို အဟန့်အတား ဖြစ်နေသည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) သည် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ထည့်သွင်းထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်သည် မှားယွင်းနေကြောင်း တရားလွှတ်တော်ရှေ့နေများနှင့် ဥပဒေပညာရှင်များက ပြောကြားသည်။

စက်သုံးဆီဈေးမကျ၍ အနိမ့်ဆုံးနှုန်းထား သတ်မှတ်ရောင်းချစေမည်


ကမ္ဘာ့ရေနံဈေးကျသော် လည်း ပြည်တွင်းစက်သုံးဆီဆိုင် များက အမြင့်ဈေးဖြင့် ရောင်းချနေသဖြင့် အနိမ့်ဆုံးနှုန်းထားများ သတ်မှတ်ကာ ရောင်းချစေမည် ဟု သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

မွန်ပြည်နယ်သို့ ယခုလ ၂၇ ရက်တွင် သွားရောက်ရန် စီစဉ်ထားသည့် ဒေါ်အောင်ဆန်းစု ကြည်၏ ခရီးစဉ်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်းမွန်ပြည်နယ်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခင် ဆောင်က ပြောကြားသည်။