Pages
(Move to ...)
▼
24.3.15
လီကွမ်ယုကွယ်လွန်မှု ဝမ်းနည်းခြင်းမှတ်တမ်း စင်ကာပူသံရုံးတွင် လက်မှတ်ရေးထိုးနိုင်
စင်ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကွယ်လွန်ခြင်း အား ဝမ်းနည်းမှုမှတ်တမ်းအနေ ဖြင့် စင်ကာပူသံရုံးတွင် မတ်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း မည် သူမဆိုလာရောက်လက်မှတ်ရေး ထိုးနိုင်ကြောင်း စင်ကာပူသံရုံးမှ သတင်းရရှိသည်။
လီမင်ဟိုနဲ့ ဆူဇီ ချိန်းတွေ့နေတယ်လို့ အေဂျင်စီတွေ အတည်ပြု
တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီမင်ဟိုနှင့် သရုပ်ဆောင်အဆိုတော် ဆူဇီတို့ ချိန်းတွေ့နေသည်မှာ တစ်လခန့် ရှိပြီဟု လီမင်ဟို၏ အေဂျင်စီနှင့် ဆူဇီ၏ အေဂျင်စီတို့က မတ်လ ၂၃ ရက်တွင် အတည်ပြုပြော ကြားလိုက်သည်။
ဂုဏ်သတင်းမထိခိုက်ချင်လို့ ညစ်ညမ်း ဝက်ဘ်ဆိုက်လိပ်စာဝယ်တဲ့ တေလာဆွစ်ဖ်
အမေရိကန် အဆိုတော် တေလာဆွစ်ဖ်သည် ၎င်း၏ ကျော်ကြားမှုအပေါ် အခြား သူများဝင်ရောက်အမြတ်ထုတ် ခြင်းကို တားဆီးသည့်အနေဖြင့် TaylorSwift.porn နှင့် Taylor Swift.adult ဝက်ဘ်ဆိုက်လိပ်စာ နှစ်ခုကို ဝယ်ယူလိုက်သည်ဟု CNN သတင်းက ဖော်ပြသည်။
တပ်ချုပ်ပါဝင်လှူဒါန်းသော ပိဿာချိန် ၁၁၁၁၁ ရှိ ကြေးသွန်းခေါင်းလောင်း လပိုင်းအတွင်းပြီးစီးမည်
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေးပိဿာချိန် ၃,၀၀၀ ကျော် ပါဝင်လှူဒါန်းထား သော ကြေးပိဿာချိန် ၁၁,၁၁၁ ခန့် (၁၇ တန်ကျော်)ရှိသည့် လွတ် လပ်ရေးရပြီးနောက်ပိုင်း အကြီး ဆုံးဖြစ်မည့် ကြေးသွန်းခေါင်း လောင်း သွန်းလောင်း ပြီးစီးပါ က ထားဝယ်မြို့တွင် ထားရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံ သစ်ခိုးဂိုဏ်းတစ်ခုက ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ဝန်းကျင် သစ်တောကြိုးဝိုင်းများနှင့် ကသာခရိုင်မှ အဖိုးတန်သစ်များကို မတ်လဆန်းကတည်းက နေ့စဉ် ခိုးထုတ်နေ
တရုတ်နိုင်ငံ သစ်ခိုးဂိုဏ်းတစ်ခုသည် ရှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်နံဘေးရှိ ကြိုးဝိုင်းသစ်တောများ၊ ကသာခရိုင်ဘက်မှ အဖိုးတန်သစ်များကို ၂ဝ၁၅ ခုနှစ် မတ်လဆန်းပိုင်းကတည်းက နေ့စဉ် ခိုးထုတ်နေကြောင်း ဒေသခံများ၊ သစ်လုပ်ငန်းတွင် ပါဝင်သူများက ပြောကြားသည်။
‹
›
Home
View web version