Pages
(Move to ...)
▼
5.5.15
လွှတ်တော်ပြန်လည်ကျင်းပမည့် မေ ၁၁ ရက်နောက်ပိုင်းမှသာ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်နိုင်မည်ဟု ဒေါက်တာအေးမောင် ပြောကြား
ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပမည့် မေ ၁၁ ရက် နောက်ပိုင်းမှသာ ဖြစ်နိုင်မည်ဟု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြုပါဝင်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
ဂါဇာတွင် လက်နက်ရှိရော လက်နက်မဲ့ရော တွေ့သမျှ ပစ်သတ်ရန် အစ္စရေး အမိန့်ပေးခဲ့
(ဂါဇာ)။ ။ ဂါဇာကမ်းမြောက်တွင် အစ္စရေးတို့နောက်ဆုံး ကျုးကျော်ထားသည့် နေရာများတွင် တွေ့သမျှမည်သည့်ပုဂ္ဂိုလ်မဆို ပစ်သတ်မိန့် ထုတ်ထားကြောင်း အစ္စရေး စစ်သားများက သက်သေထွက်ဆိုထားသည်။
အပျက်အစီးများအောက် တစ်ပတ်ပိတ်မိခဲ့သည့် အသက် ၁၀၁ နှစ်ရှိ နီပေါအဘိုးအို သေကံမရောက်
ခတ္တမန္ဒူ၊ မေ ၄။ အိမ်အပျက်အစီးများအောက်တွင် သီတင်းပတ်တစ်ပတ်ကြာ ပိတ်မိခဲ့သော အသက် ၁၀၁ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ရဲတပ်ဖွဲ့က အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ အရာရှိ ကာမယ်ဆင်းဘမ်က CNN သတင်းဌာနကို ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ကားတင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျဆင်းသွားဟု ၀န်ကြီးချုပ်ပြော
ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန်နေရာရှိမှသာ ကားတင်သွင်းရန် သတ်မှတ်လိုက်ပြီးနောက် ယခင်က တစ်လလျှင် အစီးရေ ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြား ၀င်ရောက်နေရာမှ ယခု ကားအစီးရေ ၁,၅၀၀ မှ ၂,၀၀၀ ကြားသာ ၀င်ရောက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။
‹
›
Home
View web version