ဧက ၉၀ ရှိ ရေကူးအသံလွှင့်စက်ရုံကို ပုဂ္ဂလိက အားလွှဲပြောင်းပေးမည့် ကိစ္စကို ပြန်လည်သုံးသပ်ပြီး စီမံကိန်းဆောင်ရွက်ရန်သင့်မသင့်ဆုံးဖြတ်နိုင်ရန်အတွက် ခေတ္တဆိုင်းငံ့ထားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ယနေ့မေလ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည်။
Pages
▼
22.5.15
လှေစီးဒုက္ခသည် ဘင်္ဂါလီများကို လက်ခံသွားရန် အသင့်ရှိကြောင်း ဂမ်ဘီယာအစိုးရ ကြေညာ
အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် ပြဿနာတစ်ရပ် ဖြစ်လာသည့် ဘဂါင်္လီ လှေစီးဒုက္ခသည်များကို လက်ခံသွားရန် အသင့်ရှိကြောင်း ဂမ်ဘီယာ နိုင်ငံက ကြေညာချက် ထုတ်ပြန်ခဲ့သည်။လှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှ ဖြစ်ကြောင်းပြောကြားချက်ကို လက်မခံနိုင်ဟု သမ္မတဦးသိန်းစိန် တုံ့ပြန်ပြောကြား
ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေ ပိုင်နက်တွင် တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများပြုလုပ်မည်ဖြစ် သော်လည်း ယင်းလှေစီးဒုက္ခ သည်အားလုံး မြန်မာနိုင်ငံမှဖြစ် ကြောင်း ပြောကြားချက်ကို လက် မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန် က အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီးအား ပြောကြားလိုက် သည်။လှေစီးသွားလာသူ အများစု မြန်မာမှ မဟုတ်ဟု ဒုတိယသမ္မတပြော
ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားတို့တွင် ရောက်ရှိနေသည့် လှေစီးသွားလာသူများတွင် မြန်မာနိုင်ငံမှ အနည်းငယ် ပါဝင်နိုင်သော်လည်း အများစုမှာ မြန်မာနိုင်ငံမှ မဟုတ်သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုသည်ဟု နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။