Pages

29.5.15

လှေစီးဒုက္ခသည်များ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလ စွပ်စွဲ

အရှေ့တောင်အာရှ လှေစီးဒုက္ခသည်များ ပြဿနာ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ စွပ်စွဲပြောကြားချက်ကို မြန်မာဘက်မှ ငြင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ငပလီကမ်းခြေကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန်စီစဉ်

မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေကို ခရီးသွားလာမှု လမ်းညွှန်တစ်ခုဖြစ်သည့် Trip Advison ၀က်ဘ်ဆိုက်မှ ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုစာရင်းတွင် ဖော်ပြခြင်းခံရသဖြင့် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း MTF မှသိရသည်။

“ငပလီကမ်းခြေက ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုထဲမှာ တစ်ခုအပါအ၀င်ပါ။ အဓိက,က ထိုင်းခရီးသွားတွေနဲ့ ထိုင်းနိုင်ငံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေပါ ၀င်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ ဒီလေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲဖို့က ဒီနှစ်ကုန်လောက်မှာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ငပလီကမ်းခြေမှာ ခရီးသွားလုပ်ငန်းတွေလည်း အများကြီးတိုးတက် လာနိုင်ပါတယ်” ဟု MTF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ငပလီကမ်းခြေသည် ကမ်းခြေတစ်လျှောက်ရှိ သုံးကီလိုမီတာခန့်တွင် ခရုခွံများ၊ ကျောက်တုံးများနှင့် ပျံကျဈေးသည်များမရှိဘဲ တိတ်ဆိတ်ငြိမ်သက်သည့် ကမ်းခြေဖြစ်ခြင်းကြောင့် ယခုစာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။