Pages

3.6.15

NCA စာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးရန် UN တိုက်တွန်း


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးနိုင် ရန် ကုလသမဂ္ဂ(UN) အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ကို တိုက်တွန်းလိုက်သည်။

လှေစီးဒုက္ခသည်များအရေး ပြတ်သားသော မူဝါဒ ချမှတ်ဆောင်ရွက်ရန်အဆို ဒီချုပ်ကိုယ်စားလှယ်များ ကန့်ကွက်

မြန်မာ့ရေပိုင် နက်အတွင်းသို့ ရောက်ရှိလာ သည့် လှေစီးရွှေ့ပြောင်းလာသူ များအရေးနှင့်ပတ်သက်၍ ပြတ် သားသော မူဝါဒများချမှတ်ဆောင် ရွက်ရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ရာ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း အဆိုအတည်ဖြစ်ခဲ့သည်။

ဇွန်လ ၂ ရက်တွင်  ပြုလုပ် သည့် (၁၂) ကြိမ်မြောက် အမျိုး သားလွှတ်တော်အစည်းအဝေး၌ ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် မဲခွဲခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံသူ ၁၈၄ ဦးရှိ၍ အတည်ပြုခဲ့သည်။

‘‘ခေတ္တ လက်ခံထားခြင်းမှ အချိန်ကြာသွားတဲ့အခါ မူလက မရှိသည့် တိုင်းရင်းသားအယောင်ဆောင် လူအုပ်စု တစ်စုနှင့် ပူးပေါင်းသွားကြမည်ကို စိုးရိမ်နေကြတယ်။ ထိုတိုင်းရင်းသား အယောင်ဆောင်ပြဿနာကလည်း နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးနေမှုကို ကျွန်တော်တို့ ခံစားနေကြပါတယ်’’ဟု အဆိုတင်သွင်းသူ ဦးလှဆွေက ပြောသည်။

ဒေါက်တာ နေဇင်လတ်၏ ပါတီနှင့်ပတ်သက်ခြင်း လုံးဝမရှိဟု အစိုးရထုတ်ပြန်

 သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေါက်တာ နေဇင်လတ် ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ(NDP)နှင့် ပတ် သက်ခြင်း လုံးဝမရှိဟု ပြည်ထောင်စု အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။