Pages

5.6.15

အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

လော်ခီးလာက တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အပစ်ရပ် လက်မှတ် ထိုးနိုင်ရေး ပြဿနာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လော်ခီးလာမှာ ကျင်းပနေသော NCCT ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲသည် ၃ ရက်မြောက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်အတိုင်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကို အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြတာကိုလည်း တွေ့ရပါသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌ မူတူးစေဖိုးက NCA ကို ရဲရဲတင်းတင်း လက်မှတ်ထိုးကြပြီး သွေးထွက် သံယိုမရှိသည့် နိုင်ငံရေးတိုက်ပွဲဝင်ဖို့ ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။

အားလုံးအပစ်ရပ်ကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ RCSS/SSA တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာ၌ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ NCCT အဖွဲ့ဝင် ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံ ဆွေးနွေးနေချိန် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကလည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ ဂျွန် ၃ ရက်က သဘောထားကြေငြာ ချက်တစောင် ထုတ်ပြန်သည်။