Pages

16.6.15

ကျောင်းမအပ်ရသေးသော ကျောင်းသားများကို နေအိမ်ထိလိုက်လံခေါ်ယူမည်


အခြေခံပညာကျောင်း များတွင် ကျောင်းဖွင့်ချိန်ရောက်ရှိ နေသော်လည်း ကျောင်းမအပ်နှံ ရသေးသည့်ကျောင်းသားများကို ဇွန်လတတိယပတ်အထိ နေအိမ် များအထိ လိုက်လံခေါ်ယူပြီး ကျောင်းအပ်နှံရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။

မြေဧက ၃သောင်း မြို့သစ်စီမံကိန်း ရန်ကုန်လွှတ်တော်အတည်ပြု

ရန်ကုန်မြို့ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို၊ ကော့မှုး၊ တွံတေး စတဲ့မြို့နယ်တွေက မြေဧက ၃၀၀၀၀ မှာ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာဆွေးနွေးရာ အများစုက ထောက်ခံခဲ့တဲ့အတွက် စီမံကိန်း အကောင်အထည်ဖော်ဖို့ အတည်ပြုခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် တိုင်းလွှတ်တော်အတည်ပြု

 ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့ သစ်စီမံကိန်းအမြန်အကောင်အ ထည်ဖော်ရေးအဆိုကို ဇွန်လ ၁၅ ရက်တွင် ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲရာ ထောက်ခံမဲ များသည့်အတွက် အတည်ပြုလိုက်ကြောင်း သတင်း ရရှိသည်။