Pages

18.6.15

ရုရှားနှင့် ထိစပ်နေသော ဥရောပနိုင်ငံများတွင် F-22 ဂျက်တိုက်လေယာဉ်များ ထားရှိရန် အမေရိကန် ပြင်ဆင်


ယူကရိန်းနိုင်ငံ စစ်မက်ပဋိပက္ခတွင် ရုရှားအစိုးရ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်တုံ့ပြန်မှုကို ပြသသည့်အနေနှင့် အမေရိကန်လေတပ်က ဥရောပဒေသသို့ F-22 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ပို့လွှတ်ထားရန် ပြင်ဆင်လျက်ရှိသည်ဟု သတင်းထွက်ပေါ်လာကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ဆဲ ကာလတွင် အကြီးစား စီမံကိန်းများ ရပ်တန့်ထားရန် KDNG တောင်းဆို

စီမံကိန်းကြီးများ, ကချင်, KDNG
ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ ကာလတွင် ကချင်ပြည်နယ် အတွင်းရှိ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းကြီးများ အကောင် အထည်ဖော် လုပ်ဆောင်နေမှုကို လုံးဝ ရပ်တန့်ထားပေးရန် ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က အစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းတင်ရာတွင် လူမျိုးပေါင်း ၉၀၀ ကျော်ရှိ


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက် မှတ်တမ်းယူရာမှာ လူမျိုးပေါင်း ၉၁၇ မျိုး ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက် နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ


ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာဒေ့ရှ့် နယ်ခြားစောင့် တပ်ဖွဲ့ ၀င် တပ်ကြပ်ကြီး တစ်ဦးကို လက်နက်နဲ့ အတူ မြန်ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

ဒဂုံစီးတီး စီမံကိန်းများ ရပ်ဆိုင်းရန် ရန်ကုန်စည်ပင်ကော်မတီဝင် စာထုတ်ကန့်ကွက်


 ရွှေတိဂုံစေတီတော်အနီး တပ်ပိုင်မြေ ငှားရမ်းကာ အိမ်ရာစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ဒဂုံစီးတီး (၁) နှင့် (၂) စီမံကိန်းများသည် ရွှေတိဂုံဘုရားနှင့် သမိုင်းဝင်ဘုရားကြီးများ၏ မြင်ကွင်းကို ပျောက်ကွယ်စေသောကြောင့် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် သဘောထားမှတ်ချက်စာ ထုတ်ကာ ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် (၇) ဦးခင်လှိုင်က ပြောကြားသည်။