Pages

7.7.15

ဂြိုဟ်တုနှင့် ချိတ်ဆက်ဝန်ဆောင်မှုလုပ်ငန်း ရွှေသံလွင်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ

 Sky Net ရုပ်သံလိုင်း အပါအဝင် မီဒီယာနှင့် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီကို ဂြိုဟ်တုနှင့် ချိတ်ဆက်၍ ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဝန်ဆောင်မှု ပေးနိုင်မည့် ဂြိုဟ်တု (Satellite) အခြေပြု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုချက်ပေးလိုက်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။

"ဆဲဗင်းဇူလိုင်အခမ်းအနား ဘွဲ့နှင်းသဘင်ရှေ့တွင် ကျင်းပ "


ဆဲဗင်းဇူလိုင် အခမ်းအနား ပြုလုပ်နေသော တ.က.သ ကျောင်းသားများကို ဘွဲ့နှင်းသဘင်ခန်းမရှေ့သို့ သွားရောက်ခွင့် ကို လုံခြုံရေးတပ်ဖွဲ့များက တားဆီးပိတ်ပင်ခဲ့သော်လည်း ၃နာရီ ၂၅ မိနစ်ခန့် အချိန်တွင် သွားခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အလုပ်ပိတ်ပြီး ပြန်သွားတယ်ဆို ဒီအတိုင်းထွက်သွားလို့ မရဘူး၊ ဥပဒေက ရှိပြီးသား၊ အလုပ်သမားကို အလုပ်အတွက် နစ်နာကြေး လျော်ကြေးပေးရမယ်


ဦးမျိုးအောင်(အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)
အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၃၆ဝဝ သတ် မှတ်ခြင်း အပေါ် လုပ်ငန်းရှင်အချို့က ကန့်ကွက်မှုနှင့် ပတ်သက်၍ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း တင်ပြ လိုက်ရပါသည်။

စစ်မှန်သောငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းမည်ဟု SD နှင့်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)တို့ ကတိပြု


စစ်မှန်သောငြိမ်းချမ်း ရေးရရှိရန် ဆက်လက်ကြိုးပမ်း မည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအ ဖွဲ့အစည်းများ၏ NCA အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အ ဖွဲ့ (SD) နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)တို့က အသီးသီး က တိပြုကြေညာချက်များ ထုတ်ပြန် လာကြသည်။

“အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေချိန် တိုက်ပွဲများ ဖြစ်

ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တပ်နှင့်လက်နက်ကိုင်အဖွဲ့များ အာရှလမ်းမကြီးပြဿနာ ဆွေးနွေးနေချိန်နှင့် တစ်ချိန်ထဲတွင် ကော့ကရိတ်မြို့အနီး၌ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။