Pages

23.7.15

ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် အင်းဝမြို့ဟောင်း လာမည့်နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များ သတိပေး


ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် လာမည့်နှစ်အတွင်း တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းမှာ ပျောက်ကွယ်သွားနိုင်ကြောင်း ဘူမိရုပ်သွင် ပညာရှင်ဖြစ်သူ ပါမောက္ခ ဦးမောင်မောင်အေးက ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ IBC ၌ ကျင်းပသည့် တတိယအကြိမ်မြောက် လူထုအခြေပြု ဧရာဝတီကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

တရုတ်လူမျိုး ၁၀၀ ကျော် တရားမ၀င် သစ်ခိုးမှုနဲ့ထောင်ကျ


သစ်ခိုးထုတ်လုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တရားရုံးကနေ ဒီကနေ့မှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ယခင် တပ်မတော်အစိုးရ လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေး/ရေ/ကျေးလက် ၀န်ကြီးဌာနက တရားစွဲဆို

ယခင်အစိုးရ (တပ်မတော်အစိုးရ) လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနက တရားစွဲဆိုထားကြောင်း သိရသည်။

သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်



တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ၁၅၅ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးခဲ့ပြီး အမျိုးသမီး တစ်ဦးကိုလည်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကို မြစ်ကြီးနားခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဦးစိုးစိုးနှင့် ဒုခရိုင်တရားသူကြီး ဦးမြင့်ရွှေတို့က နှစ်ဖွဲ့ခွဲ့ကာ အသီးသီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။