Pages
(Move to ...)
▼
24.7.15
အပစ်ရပ်စာချုပ် အချောမသတ်နိုင်ဘဲ ဆွေးနွေးပွဲရပ်နား
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) အချောသတ်ရေး ဆွေးနွေးပွဲဟာ ဆွေးနွေးတဲ့အချက် ၁၃ ချက်အနက် ၁၀ ချက်ကို သဘောတူညီခဲ့ပြီး ကျန်အချက်သုံးချက်ကို သက်ဆိုင်ရာ ခေါင်းဆောင်တွေထံက အဆုံးအဖြတ်ရယူဖို့ ဆွေးနွေးပွဲကို ဒီကနေ့ အဆုံးသတ်လိုက်ပြီး လာမယ့်သြဂုတ်လမှာ ပြန်ဆွေးနွေးကြဖို့ ချိန်းဆိုပါတယ်။
အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲအတွက် အမျိုးသမီးအသင်း ပြင်ဆင်လျက်ရှိ
ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အိုလံပစ်အားကစားပွဲတော် အမျိုးသမီး
ဘောလုံးပြိုင်ပွဲ၏ ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
သည် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။
အားလပ်ရက်မှာ လည်ပတ်စရာ စစ်ကိုင်း နှစ်(၇၀၀) ပြည့်ပွဲတော်
အညာဒေသမြို့တွေထဲမှာ အေးချမ်းတိတ်ဆိတ်ပြီး သူတော်စင် များ ပျော်မွေ့ရာ စစ်ကိုင်းမြို့ကြီးကတော့ နှစ် (၇၀၀)ပြည့်ခဲ့ပါပြီ။ လာမယ့် ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်အထိ စစ်ကိုင်း နှစ် (၇၀၀)ပြည့်ပွဲတော်ကြီးကို စည်စည်ကားကားနဲ့ ကျင်းပကြတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ မစုစုနွေးအား ခရီးသည်တင်ယာဉ်ပေါ်မှ ဖမ်းဆီးကာ ပဲခူးအင်းတကော် ရဲစခန်းမှ တရားရုံးသို့ ခေါ်ဆောင်သွားဟု ၎င်း၏ခင်ပွန်း ပြောကြား
မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ မစုစုနွေးအား ဇူလိုင်၂၃ ရက် နံနက်ပိုင်းက ပဲခူးအင်းတကော် ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးကာ တရားရုံးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် တူရကီရှိ လေတပ်စခန်း တစ်ခုကို အမေရိကန် အသုံးပြုခွင့်ရ
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ အဓိက လေတပ်အခြေစိုက်စခန်းအား တူရကီက အမေရိကန်ကို အသုံးပြုခွင့် ပေးလိုက်ကြောင်း သိရသည်။
သမ္မတ အကြံပေးဟောင်းပါတီမှ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃ဝဝ ခန့် ပါဝင်ယှဉ်ပြိုင်မည်
နိုင်ငံတော် သမ္မတအကြံပေးဟောင်းဖြစ်သည့် ဒေါက်တာ နေဇင်လတ် တည်ထောင်ထားသော အမျိုးသားတိုးတက်ရေးပါတီမှ လာမည့် ရွေးကောက်ပွဲ၌ မဲဆန္ဒ နယ် ၃ဝဝ ခန့်တွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ငွေကျပ် ၄၅ သိန်းတန် တန်ဖိုးနည်း တိုက်ခန်းများ ဖော်ဆောင်မည်
ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် လူနေထူထပ်မှု များပြားလာပြီး အခြေခံ လူတန်းစား များအတွက် နေစရာ အခက်အခဲ ဖြစ်ပေါ်နေမှု ဖြေလျှော့နိုင်စေရန် ငွေကျပ် ၄၅ သိန်း တန်ဖိုးရှိ တန်ဖိုးနည်း တိုက်ခန်းများကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း တိုက်ခန်းအိမ်ရာ ဖော်ဆောင်ရေး တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်မှ သိရသည်။
ငွေဆောင်မြို့ပြ နှစ် ၂၀ စီမံကိန်း မူကြမ်းရေးဆွဲပြီးစီး
ငွေဆောင်မြို့ပြနှစ် ၂၀ စီမံကိန်းမူကြမ်း အား ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းထုတ် ပြန်ခဲ့သည်။
အင်းစိန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား၍ လမ်းသွားလမ်းလာတစ်ဦး ကျည်ဆန်ထိမှန်
အင်းစိန်မြို့နယ်တွင် ကေအင်န်ယူ၊ ကေအင်န်အယ်လ် အေငြိမ်းချမ်းရေးကောင်စီအဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍လမ်း သွားလမ်းလာအမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန် မြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် ဗီယက်နမ် ကုမ္ပဏီတစ်ခု တရားဝင်လိုင်စင် ရရှိ
ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် FPT အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးဖုန်းဝန်ဆောင်မှု (fixed- line service) ကို လုပ်ကိုင်ရန်အတွက် လိုင်စင်ချထားပေး လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
‹
›
Home
View web version