Pages

27.7.15

အရပ်သားစစ်စစ် သမ္မတဖြစ်ခဲ့လျှင်ပင်


လာမည့်အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံဘက်ကအနိုင်ရခဲ့လျှင် တပ်မတော်အနေဖြင့် အဆိုပါရလဒ်ကို လက်ခံမည်လားဆိုသည့် BBC သတင်းဌာန၏အမေးကို ‘‘ဘယ်သူရရ တရားနည်းလမ်းကျကျနဲ့ရတဲ့ result မှန်သမျှ အကုန်လက်ခံပါတယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။

အာဖဂန် မင်္ဂလာဆောင် တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂၀ ထက်မနည်း သေဆုံး


အာဖဂန်နစ္စတန် နိုင်ငံတွင် မင်္ဂလာပွဲ တစ်ခု၌ ပစ်ခတ်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး နောက်ထပ် ၁၀ ဦးမျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

NLD အစိုးရဖြစ်လာပါက ပြည်သူမလိုလားချိန် အာဏာစွန့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကို ပြည်သူက အစိုးရအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပါက ပြည်သူ မလိုလားတော့ချိန်တွင် အာဏာစွန့်လွှတ်၍ ပြန်ဆင်းပေးမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက် သည်။

အစိုးရ အဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် စဉ်းစားမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

 
အစိုးရ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသွားရန် အလေးအနက် စဉ်းစားမည်ဟု ထိုင်းအာဏာသိမ်း စစ်အစိုးရ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ပြောကြားလိုက်သည်။

ရေကြောင်းကုန်စည်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်များ သြဂုတ်လဆန်းပိုင်းတွင် ချပေးမည်ဟုဆို



အထွေထွေအာမခံ လုပ်ကိုင်သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီများ ကို သြဂုတ်လဆန်းပိုင်းတွင် ရေကြောင်းကုန် စည် အာမခံလုပ်ပိုင်ခွင့် ချပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီးကပြောသည်။

မြန်မာအမျိုးသားလေကြောင်းမှ ဟောင်ကောင် တိုင်ပေခရီးစဉ်များနိုဝင်ဘာတွင် စတင်မည်

 
 မြန်မာအမျိုးသား လေကြောင်း(MNA)မှ ဟောင်ကောင်နှင့် တိုင်ပေခရီးစဉ်ကို ယခုနှစ် နိုဝင်ဘာလတွင် စတင်ပျံသန်းသွားမည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယခရီးစဉ် စတင်

http://burma.irrawaddy.org/wp-content/uploads/2015/07/MinAH.jpg
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မနေ့က အိန္ဒိယနိုင်ငံသို့ သွားရောက်ကြောင်း အစိုးရသတင်းတွင်ဖော်ပြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် တို့လိုက်ပါသွားကြသည်။ မြန်မာ့တပ်မတော် အကြီးအကဲတစ်ဦးအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက် သော ခရီးစဉ်ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက အိန္ဒိယတပ်များက မြန်မာနယ်စပ်ကိုကျော်ဖြတ်ကာ နာဂသူပုန်များတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Credit to>>> Irrawaddy

လာမည့် ၂ နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် နယ်စပ်ဆေးရုံ ငါးခု ဖွင့်လှစ်သွားမည်


ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးများက နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဆေးရုံ ဆေးပေးခန်း ကျန်းမာရေးဌာန ၅ ခုကို လာမည့် ၂ နှစ်အတွင်း ဖွင့်လှစ်သွားနိုင်ရေး စီစဉ်လျက်ရှိသည်။

အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀ဝနှုန်းသတ်မှတ်ပါက အချိန်ပိုကြေးကိုလျှော့ချပေးရန် လုပ်ငန်းရှင်အချို့က ဝန်ကြီးဌာနသို့ တင်ပြထားမှုအပေါ် အလုပ်သမား များကန့်ကွက်


ရန်ကုန်၊ ဇူလိုင် ၂၆-အဆိုပြု အနိမ့် ဆုံးလုပ်ခကို ကျပ် ၃၆၀၀ နှုန်း သတ် မှတ်ခဲ့ပါက အချိန်ပိုကြေးကို လျှော့ ချပေးရန် လုပ်ငန်းရှင်အချို့တင်ပြ ထားမှုကို အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်သမားများထံ ပြန်လည်ချပြရာ အဆိုပါတင်ပြချက်ကို အလုပ်သ မားများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် အမျိုးဘာသာသာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ဆုံးဖြတ်မှုကို ခံရဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဘာသာရေးကိစ္စများကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် မိမိအနေဖြင့် အမျိုးဘာသာ သာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့်ပက်သက်၍ ပြည်သူများက ဆုံးဖြတ်မည်ဖြစ်ကာ အဆိုပါ ဆုံးဖြတ်ချက်ကို ခံရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်လူထုတွေ့ဆုံပွဲ၌ ပြည်သူတစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။