Pages

24.8.15

ဂျပန်နှင့် အာဆီယံလေးနိုင်ငံသို့ လေ့လာရေးသွားရောက်မည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ် သင်္ဘောခရီးစဉ်သို့ မြန်မာလူငယ် ၂၉ ဦး လိုက်ပါမည်ဖြစ်ပြီး ခရီးစဉ် ၅၁ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရ



ဂျပန်နိုင်ငံနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား စသည့်အာဆီယံလေးနိုင်ငံသို့ လေ့လာရေးသွားရောက်မည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ် လေ့လာရေး ခရီးစဉ်သို့ မြန်မာလူငယ် ၂၉ ဦး လိုက်ပါမည်ဖြစ်ကြောင်း သိရသည်။

ရှေ့နေများအသင်း ဗဟိုကော်မတီဝင် ရွေးချယ်

  မြန်မာနိုင်ငံ ရှေ့နေများ အသင်းတွင် ဗဟိုကော်မတီဝင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃) ခုတွင်  ရွေးချယ်ပြီး ဖြစ်ကြောင်း အသင်း ဖြစ်မြောက်ရေး ကော်မတီဝင်ရှေ့နေ ဦးကိုနီက ပြောသည်။

NCA တွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်ရေး ဆွေးနွေးပွဲရက် ထပ်တိုး


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးလျက်ရှိရာ NCA တွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်ရေးအတွက် ဆွေးနွေးစရာများ ကျန်နေသောကြောင့် ဆွေးနွေးပွဲကို တစ်ရက် ထပ်တိုးလိုက်ကြောင်း တိုင်းရင်းသားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် ကျပ် ၁၃၆ ဘီလီယံ ဆုံးရှုံးခဲ့ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပြောကြား


မန်မာနိုင်ငံ တွင် ပြီးခဲ့သည့်လပိုင်းအတွင်း ကကျ ရောက် ခဲ့ သည့် သဘာဝဘေးဒဏ် ကြောင့်ကျပ် ၁၃၆ ဘီလီယံဆုံးရှုံး ခဲ့ရကြောင်း နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ဩဂုတ် ၂၃ ရက်တွင်ပြု လုပ်သည့် ကလေးဒေသရေဘေး သင့် ပြန်လည်ထူထောင်ရေး လူထုတွေ့ ဆုံပွဲ အခမ်းအနားတွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။

ဘူးသီးတောင်အမတ် ဦးရွှေမောင်ကိုကိုယ်စားလှယ်လောင်းအဖြစ်မှကော်မရှင်ပယ်ချ

လာမည့် ရွေးကောက်ပွဲတွင် ဘူးသီးတောင်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ၊ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(ခ) အဒူရော်ဇောက်ကို ၎င်း၏ မိဘများမှာ နိုင်ငံသားမဟုတ်ခဲ့သဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

ဟားခါးမြို့ပြောင်းရွှေ့ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဘူမိဗေဒပညာရှင်တို့ ယနေ့ဆွေးနွေးဆုံးဖြတ်မည်


ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြောင်းရွှေ့ ရန် မြေပြင်ရှာဖွေရေးဘူမိဗေဒ ပညာရှင်အဖွဲ့နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့ သြဂုတ် ၂၄ ရက် တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ် ကြောင်း ချင်းပြည်နယ် လျှပ်စစ် ၀န်ကြီး ဦးကျင်လျန်ပေါင်ကပြော သည်။