တောင်သမန်အင်းအတွင်း ငါးများ အစုအပြုံလိုက် သေဆုံးမှုများကြောင့် ရေဆိုးစွန့်ပစ်သည့် စက်ရုံ ၂၇ ရုံ လည်ပတ်ခွင့်ကို မေလ ပထမပတ်အတွင်းက ပိတ်သိမ်းထားခဲ့ပြီး ဇွန်လ ပထမပတ်တွင်း ယာယီလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း တရားဝင် လည်ပတ်ခွင့်ကိုမူ လက်ရှိအချိန်ထိ မရရှိသေးကြောင်း အဆိုပါ စက်ရုံတာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
Pages
▼
27.8.15
ဆန်ပြည်ပတင်ပို့မှု စက်တင်ဘာ ၁၅ ရက်အလွန် ခွင့်ပြုမည်

မြန်မာနိုင်ငံ အနှံ့ရေကြီး ရေလျှံခြင်းကြောင့် တစ်လကြာ ရပ်နားထားသည့် ပြည်ပသို့ဆန်တင်ပို့မှုကို လာမည့် စက်တင်ဘာ ၁၅ ရက်နောက်ပိုင်းတွင် ပြန်လည်တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။
ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များ ယခုတစ်ပတ်အတွင်း နားမည်
ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ယခုလ ၂၈ ရက်တွင် ရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး လျာထား ချက် အစီအစဉ်များအရ သတင်း ရရှိသည်။
အမေရိကန်ဒေါ်လာ အသုံးပြုမှု ဗဟိုဘဏ် စိစစ်မည်

ပြည်တွင်း ကျပ်ငွေဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်သည့် စီးပွားရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းကို စိစစ်အရေးယူနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြောသည်။
မြန်မာကျပ်ငွေ အကျပ်အတည်း ကြုံနေရပြီ

ပြီးခဲ့သည့် အပတ်အတွင်းက ငွေလဲလှယ်နှုန်းက တဒေါ်လာလျှင် ကျပ် ၁၃၀၀ ၀န်းကျင်အထိ မြင့်တင်လာခဲ့သည်။ မြန်မာ အစိုးရက ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားရှိလိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ငွေလဲနှုန်း အမြင့်ဆုံး သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်း မပြုရန် KNU ကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

KNU ကိုယ်စားလှယ်အဖွဲ့နှင့် သြဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးခြင်း မပြုရန် တိုက်တွန်းခဲ့ကြောင်း သတင်းရရှိသည်။