Pages

3.9.15

ဆက်သွယ်ရေးအော်ပရေတာ အထူးလုပ်ငန်းေ လျှာက်ထားသည့် ကုမ္ပဏီ ၁၇ ခုရှိ


ဆက်သွယ်ရေးအော်ပရေတာအထူးလုပ်ငန်း လျှောက်ထားသည့် ကုမ္ပ ဏီ ၁၇ ခုရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်း ထွန်းအောင်က ပြောသည်။
ရွေးချယ်ခံရမည့် ဆက်သွယ်ရေးအော်ပရေတာသည် မြန်မာနိုင်ငံ၏လေးခု မြောက် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

မဲဆွယ်စည်းရုံးမှုများတွင် ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက်စေမည့် ကိစ္စရပ်များ မပေါ်ပေါက်ရေး အထူးသတိပြုရမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များမှ နိုင်ငံ၏ လူမှုသဟဇာတ ဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ်ယုံကြည်မှုအပေါ် ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များ မပေါ်ပေါက်ရေး အထူးသတိပြုရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၂ ရက်က လူထုသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မေတ္တာမြို့နယ်တွင် သတ္တုတူးဖော်မှုကို ဒေသခံများကန့်ကွက်မည်

 ပြင်ပဈေးကွက်တွင် ငွေ လဲနှုန်းအပြောင်းအလဲအများဆုံး အဖြစ် နှစ်လအတွင်း သုံးကြိမ် ဖြစ်ခဲ့၍ ပြည်တွင်း၌ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် အခက် အခဲများစွာဖြစ်လာကြောင်း လုပ် ငန်းရှင်များက ပြောကြားသည်။

ကော်မရှင်ဥက္ကဋ္ဌထပ်မလုပ်တော့ဟု ဦးတင်အေးပြော


ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထပ်မလုပ်တော့ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံ ရေးပါတီများနှင့်တွေ့ဆုံစဉ်ပြော ကြားလိုက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အစိုးရပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် လွိုင်ကော်မှတစ်ဆင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့နယ်သို့ သွားရောက်

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် MPC မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် လွိုင်ကော်သို့ အစိုးရပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီးနောက် ရှားတောသို့ သွားရောက်ကာ ညနေ ၄ နာရီခန့်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။