မြန်မာနိုင် ငံအပါအဝင် အာရှနိုင်ငံများ၏ အ သေး စားနှင့်
အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် နိုင်ငံတကာ လုပ်ငန်း များနှင့်
ယှဉ်ပြိုင်နိုင်စွမ်းရှိ လာစေရန် ပုဂ္ဂလိကဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံ
မှုများလိုအပ်ကြောင်း အာ ရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာအရ သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ရေရှည်ဖွံ့ဖြိုးရေးတိုးတက်မှုနှင့် ရာသီဥ
တုပြောင်း လဲမှုဆိုင်ရာဌာနမှ စက်တင်ဘာလ ၂ ရက်ထုတ်ဝေသည့် ယင်းအစီ ရင်ခံစာတွင်
မကြာမီက တွေ့ကြုံခဲ့ရသော စီးပွားရေးနှေးကွေး မှုဖြစ်စဉ်မှနေ၍
ကမ္ဘာ့နိုင်ငံများက ပြန်လည်ရုန်းထရန် ကြိုးပမ်းနေချိန် တွင်
အာရှတိုက်အတွင်း၌လည်း ရေ ရှည်တည်တံ့သောဖွံ့ဖြိုးမှုရရှိရန် အ ရေးကြီးသည်ဟု
ဖော်ပြထားသည်။
Pages
▼
4.9.15
ကိုယ်တိုင် ဥပဒေကို လေးစားမှ ဥပဒေက အကာအကွယ်ပေးပါလိမ့်မယ် သန်းထွဋ်အောင်….

ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကင်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်မှာ Eleven Media Group ရဲ့ CEO ဖြစ်တဲ့ သန်းထွဋ်အောင်တစ်ယောက် လေးခွနဲ့အပစ်ခံခဲ့ရတဲ့သတင်းက လူမှုကွန်ရက်ပေါ်မှာ ဟိုးလေး တစ်ကျော်ကျော်ဖြစ်ခဲ့ တာကို အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သန်းထွဋ်အောင် ကတော့ ဒါဟာ နိုင်ငံရေး လုပ်ကြံမှုကြီး တစ်ခုပါလို့ပြောပြီး သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကိုပါ အထူးစိုးရိမ်ပါတယ်လို့ မဆီမဆိုင် ပြောခဲ့တာတွေကြောင့်လဲ Facebook စာမျက်နှာ တွေပေါ်မှာ သန်းထွဋ်အောင်ကို လှောင်ပြောင်သူတွေ၊ ကဲ့ရဲ့သူတွေ၊ ဝေဖန်သူတွေ၊ ရှုတ်ချသူတွေအများအပြား ပေါ်ပေါက်လာခဲ့တာကိုလဲ တွေ့ရပါတယ်။
စည်ပင်မြေကွက် လေလံတင်မည့်ရက် စက်တင်ဘာ တတိယပတ်သို့ ထပ်မံရွှေ့ဆိုင်း
လေလံပစ်မည့်
စည်ပင် ပိုင်မြေကွက် ၇၀ ကျော်ကို လေ လံဆွဲမည့်သူများ လေ့လာချိန်ရရှိရန်
စက်တင်ဘာတတိယပတ်သို့ ပြောင်းလဲလိုက်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးများ နိုင်ငံပိုင်ပစ္စည်းအသုံးပြု၍ မဲဆွယ်ပါက တိုင်ကြားရန် ဦးတင်အေးပြော
၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် အစိုးရပိုင် ပစ္စည်းကို အသုံးပြုပြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ မဲဆွယ်စည်းရုံးပါ က လွှတ်တော်ဥပဒေပြဋ္ဌာန်းချက် နှင့်ငြိစွန်းသည့်အတွက် တိုင်ကြား မှုများပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အနေဖြင့် အစိုးရပိုင် မော်တော် ယာဉ်များကို အသုံးပြုပြီး မဲဆွယ် ပါက လွှတ်တော်ကိုယ်စားလှယ် လောင်းအရည်အချင်းတွင် ပါဝင် သော ပြဋ္ဌာန်းချက်အပါအဝင် ရွေးကောက်ပွဲဥပဒေအခန်း(၁၃)ပါ ပြဋ္ဌာန်းချက်များနှင့်ပါ ငြိစွန်းသည် ဟု ဦးတင်အေးက ဆိုသည်။
အလုပ်ထုတ်ခံရသည့် အာရှနှင်းဆီစက်ရုံ လုပ်သားတစ်ရာကျော် ဆန္ဒပြမည်
ပြည်ပက ကုန်ပစ္စည်းမှာယူမှု
လျော့ကျလာသဖြင့် အလုပ်သမားအင်အား လျှော့ချသည်ဟုဆိုကာ အလုပ်ထုတ်ခံရသည့်
လှိုင်သာယာမြို့နယ်ရှိ အာရှနှင်းဆီ အထည်ချုပ်စက်ရုံက အလုပ်သမားများ
အလုပ်ပြန်လည်ရရှိရေးအတွက် စက်ရုံရှေ့တွင် သုံးရက်ကြာ ဆန္ဒပြမည်ဖြစ်ကြောင်း
အဆိုပါ အလုပ်သမားများထံမှ သိရှိရသည်။