Pages

8.9.15

ဗဟန်းမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်ညိုညိုသင်း၏ အောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်

ဗဟန်းမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ၄င်း၏ အောင်နိုင်ရေးရုံးခန်းကို အမှတ် (၃၂)၊ ရေတာရှည်လမ်းသစ် ဗဟန်းမြို့နယ်တွင် ယနေ့(စက်တင်ဘာ ၈ ရက်) ၌ စတင်ဖွင့်လှစ်ခဲ့သည်။

ခရီးသွားလုပ်ငန်းရှင်များအသင်း အမှုဆောင် ခရီးသွားခွင့် ပိတ်ခံရ


 မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း၏ အမှုဆောင်ကော်မတီဝင် ဦးအေးကျော်အား ပြည်ပ သင်တန်းတစ်ခုတွင် နိုင်ငံနှင့်လူမျိုးအတွက် ထိခိုက်စေသည့်စကားပြောသဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနက  ပြည်ပခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းအတွင်း စတင်မဲဆွယ်တော့မည်


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထူးထူးခြားခြား မဲဆွယ်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမသို့ ပြောသည်။

ဘယ်သူ့ သြဇာ လွှမ်းမိုးမှုကိုမှ မခံဘူးဆိုတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်

ဦးမြအောင်, ရခိုင်, ၀န်ကြီးချုပ်
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူး အပြောင်းအလဲသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၃ ကြိမ် အပြောင်းအလဲ ဖြစ်ခဲ့ သည်။ အစိုးရသစ် လက်ထက်တွင် ပထမဆုံး ၀န်ကြီးချုပ် ဖြစ်သည့် ရခိုင် တိုင်းရင်းသား ဦးလှမောင်တင်သည် စီမံခန့်ခွဲမှု မကောင်း ဟု အကြောင်းပြ၍ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး စစ်ဘက်မှ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် လူစားထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမဲဆွယ်ခရီးစဉ် ကယားသို့ သွားမည်


 ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ပထမဦးဆုံး မဲ ဆွယ်စည်းရုံးမှုခရီးစဉ်အဖြစ် က ယားပြည်နယ်သို့ ယခုလ ၁၀ ရက်မှ စတင် သွားရောက်မည်ဖြစ် ကြောင်း ယင်းပါတီမှ သတင်းရရှိ သည်။

စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် လုံခြုံရေး အထူးအဆင့် သတ်မှတ်စောင့်ကြည့်မည်

ရွေးကောက်ပွဲကာလတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ် သုံးခုကို လုံခြုံရေး အထူးအဆင့်ဖြင့် သတ်မှတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိ မရှိ တင်ဒါဖွင့်ဖောက်ချိန် လာရောက်စောင့်ကြည့်မည့်အကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယခုရက်အတွင်း အကြောင်းကြားမည်ဟု ဒေါက်တာညိုညိုသင်း ပြောကြား

ဝေဖန်မှုများပြားနေသော ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိ မရှိ တင်ဒါ ဖွင့်ဖောက်စိစစ်မည့် စက်တင်ဘာ ၂၂ ရက် တွင် လာရောက်စောင့်ကြည့်မည့် အကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယခုရက်ပိုင်းအတွင်း အကြောင်းကြားမည်ဟု  ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။

သမ္မတ၏ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံဆည်တည်ဆောက်မည့် CPI ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သော်လည်း မြစ်ဆုံဆည်ကိစ္စ မဆွေးနွေးခဲ့ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြောကြား

 
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံဆည် တည်ဆောက်မည့် CPI ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သော်လည်း မြစ်ဆုံဆည်ကိစ္စ မဆွေးနွေးခဲ့ ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

မဲဆွယ်စည်းရုံးမှုများ ယနေ့စတင်နိုင်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများအား ရွေးကောက်ပွဲအောင်နိုင်ရန်မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ယနေ့ (စက်တင်ဘာ၈)မှစတင်၍  ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။