တစ်နိုင်ငံလုံးအပစ်အ
ခတ်ရပ်စဲရေးစာချုပ်လက်မှတ်မ ရေးထိုးမီ ပါဝင်လက်မှတ်ရေးထိုး မည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်သွားရန်
နိုင်ငံတော်သမ္မတက မှာကြားထားကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြော သည်။
Pages
▼
15.9.15
အမေရိကန်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို မူးယစ်ဆေးဝါး အဓိကတင်ပို့ထုတ်လုပ်ရာ နိုင်ငံများအဖြစ် သတ်မှတ်

အာဖဂန်နစ္စတန်၊ မြန်မာနှင့် မက္ကဆီကိုနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံအား မူးယစ်ဆေးဝါးအဓိက တင်ပို့ရာ၊ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရာ နိုင်ငံများအဖြစ် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက စက်တင်ဘာ ၁၄ ရက်က သတ်မှတ်စာရင်းသွင်းသည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်း ပြုလုပ်

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ယနေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်ခရိုင် မိုင်းပွန်မြို့တွင် တိုက်ပွဲများကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းပွန်မြို့ရှိ
နောင်ပါးတပ်ရွာတွင် တပ်မတော်နှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တို့
တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွာသားများ ရွာတွင် မနေရဲတော့ဘဲ
ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ပစ်ခတ်မှုကြောင့် နောင်ပါးတပ်ရွာတွင်
ငါးဦး ဒဏ်ရာရ၊ တစ်ဦး သေဆုံးပြီး တစ်ဦးမှာ ခြေထောက်နှင့် လက်တို့တွင်
ပြတ်လုနီး ဓားခုတ်ဒဏ်ရာဖြင့် တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ စက်တင်ဘာ
၁၃ ရက် ည ၉ နာရီခန့်တွင် ရောက်လာကြောင်း သတင်းရရှိသည်။
ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးပင်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် သမ္မတပြော

ပြည်သူ့အုပ်ချုပ်ရေးဖြစ်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် နိုင်ငံသားအားလုံး၏ လူမှုဘ၀နှင့်ပတ်သက်သော ဆုံးဖြတ်ချက်များတွင် တန်းတူပြောဆိုရပိုင်ခွင့်ရှိရေး ဆောင်ရွက်ရန်လိုအပ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောသည်။