Pages

23.9.15

"True IDC က မြန်မာနိုင်ငံတွင် Data Center လာရောက် တည်ဆောက်"


ထိုင်းနိုင်ငံ အခြေစိုက် True IDC ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ Data Center လာရောက် တည်ဆောက်ခဲ့ပြီး အဆိုပါ Data Center ကို ဒေသတွင်းရှိ ကုမ္ပဏီ အဖွဲ့အစည်းများ စတင်အသုံးပြုနိုင်ပြီဟု ကြေညာခဲ့သည်။
True IDC ၏ Data Center အတွင်း Rack အလုံးပေါင်း ၆၀ ရှိပြီး Data Center ၏ အဆင့်သတ်မှတ်ချက်မှာ TR 3 ဖြစ်သည်ဟု သိရသည်။

မြန်မာ-တရုတ် တပ်မတော်ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေး


 မြန်မာတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chang Wanquan တို့ စက်တင်ဘာ ၂၁ ရက်က နှစ်နိုင်ငံတပ်မတော်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၂၃ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်ကို နားလည်သူကိုသာ မဲပေးရန် တပ်မတော်သားများကို ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် ညွှန်ကြား


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားများ မဲပေးရာတွင် ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကိုသာ အခြေခံစဉ်းစား မဲထည့်ကြရန် ညွှန်ကြားလိုက်သည်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တမလန်း သစ်များကို တရုတ်နိုင်ငံက ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ ဖိုးခန့် တရားမ၀င် ထုတ်ယူခဲ့ပြီး အရေးတကြီး မကာကွယ်နိုင်ပါက မြန်မာပြည်၌ တမလန်းသစ်များ ၁၀ နှစ်အတွင်း ပျောက်ကွယ် နိုင်ကြောင်း EIA သတိပေး


မြန်မာနိုင်ငံမှ တမလန်းသစ်များကို တရုတ်နိုင်ငံက တရားမ၀င် တင်သွင်းမှု နှစ်စဉ် မြင့်တက်နေပြီး ၂၀၁၄ ခုနှစ် အတွင်း မြန်မာ့တမလန်းမှ တရုတ်နိုင်ငံအတွက် ၄ ဒသမ ၆ ဘီလျံဖိုးအထိ အကျိုးအမြတ် ရရှိခဲ့သဖြင့် မြန်မာ့တမလန်း သစ်များ လာမည့် ၁၀ နှစ်အတွင်း မျိုးတုန်း ပျောက်ကွယ် သွားနိုင်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Environmental Investigation Agency (EIA) မှ Mr.Jago Wadley က စက်တင်ဘာ ၂၂ ရက်တွင် သတိပေး ပြောကြားသည်။

နိုင်ငံခြား အရန်ငွေကြေးမှာ သွင်းကုန် သုံးလစာအောက် နည်းပါးလာကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က သတိပေးသော်လည်း ဗဟိုဘဏ်က နိုင်ငံခြား လေလံမှတစ်ဆင့် ဒေါ်လာများ ဆက်လက်ရောင်းချ

နိုင်ငံခြား အရန်ငွေကြေးမှာ သွင်းကုန် သုံးလစာသာရှိပြီး နည်းပါးလာကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က သတိပေးသော်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား လေလံမှတစ်ဆင့် ဒေါ်လာများကို ပိုမိုရောင်းချ နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။