Pages

24.9.15

မောတောင်နယ်စပ်မှ တစ်ဦးချင်း ကုန်သွယ်မှုကတ် ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုထားပြီး ထိုင်းနိုင်ငံမှ နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်လာမှုကို ကုန်သည်များ စောင့်ကြည့်လျက်ရှိ


မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင် နယ်စပ်ဂိတ်မှ တစ်ဦးချင်း ကုန်သွယ်မှုကတ် (TTC) ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုထားပြီး ထိုင်းနိုင်ငံမှ ဆင်းခွန် နယ်စပ်ဂိတ်အား အထူး ယာယီ နယ်စပ်ဂိတ်မှ နယ်စပ်ဂိတ် အဖြစ် တရားဝင် ဖွင့်လှစ်လာမှုကို ကုန်သည်များက စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော ဒေသအချို့တွင် ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုများရှိနေ


လွတ်လပ်၍ တရားမျှ တသည့် ရွေးကောက်ပွဲဖြစ်စေလို သော်လည်း လက်နက်ကိုင်ပဋိ ပက္ခရှိသည့် ဒေသအချို့တွင် ခြိမ်းခြောက်မှုများရှိနေကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။