Pages
(Move to ...)
▼
8.10.15
ပထမဆုံးဆင်နွှဲခဲ့သော ကမ္ဘာ့တိရစ္ဆာန်များနေ့
ရန်ကုန်မြို့၏ အထင်ကရ နေရာဖြစ်သည့် ကန်တော်ကြီး မျှော်စင်ကျွန်းထဲ၌ ဆင်တူအင်္ကျီများ ၀တ်ဆင်ထားသော တိရစ္ဆာန်ချစ်သူများက တောရိုင်းတိရစ္ဆာန်လေးများကို သတ်ဖြတ်ခြင်းမပြုရန် တိုက်တွန်းထားသည့် အသိပညာပေးဆိုင်းဘုတ်များအနီးတွင် စုဝေးနေကြသည်။
ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် နိုင်ခြေ ရာခိုင်နှုန်း ၉၀ ရှိကြောင်း UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ပြောကြား
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အချို့မှ ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ပါတီအောင်နိုင်ရေး စည်းရုံး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် နိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပြောကြားသည်။
ယခင် ဘဏ္ဍာနှစ်များတွင် ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းနှင့် ခြောက်ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာမည်
ယခင် ဘဏ္ဍာနှစ်များတွင် ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းနှင့် ခြောက်ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor အရ သိရသည်။
ပြည်တွင်းလုပ်ငန်းရှင်များအတွက် မြန်မာကျပ်ငွေဖြင့်ရောင်းချမည့် ကျောက်မျက်ပြပွဲကျင်းပမည်
ပြည်တွင်းကျောက်မျက် ရတနာလုပ်ငန်းရှင်များအတွက် ကျောက်မျက်ရိုင်းနှင့်ကျောက် စိမ်းအသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက် စိမ်းခန်းမတွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်ဖြစ် ကြောင်း သတ္တုတွင်းဝန်ကြီး ဌာန၊ မြန်မာ့ကျောက်မျက်ရတ နာပြပွဲဗဟိုကော်မတီမှ သတင်း ရရှိသည်။
‹
›
Home
View web version