Pages

4.11.15

ထိုင်ဝမ်နှင့် တရုတ်ခေါင်းဆောင်များ သမိုင်းတလျှောက် ပထမဆုံး တွေ့ဆုံရန်စီစဉ်


ယခုသီတင်းပတ်ကုန်တွင် တရုတ်နှင့် ထိုင်ဝမ် ခေါင်းဆောင်များ သမိုင်းတလျှောက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရှိရသည်။
ထိုင်ဝမ်ရေလက်ကြားတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ဦးတည်ပြီး နှစ်ဖက်စလုံးက ဆွေးနွေးသွားကြမည် ဖြစ်သည်။ စင်ကာပူတွင် ထိုင်ဝမ်သမ္မတ မာယင်ဂျောင်နှင့် တရုတ်သမ္မတ စီကျင်းပင်တို့ တွေ့ဆုံမည့် အစီအစဉ်သည် ၁၉၄၉ ခုနှစ်၊ ထိုင်ဝမ်နိုင်ငံ ခွဲထွက် ထူထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံ ခေါင်းဆောင်ချင်း တွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး တိုင်းနှင့် ပြည်နယ်လေးခုတွင် ပထမဆုံးအကြိမ် ထိုးပေးမည်

ပထမဆုံးအကြိမ် ဂျပန်ဦးနှောက်ရောင်ရောဂါပိုး ဖြစ်ပွားမှုအများဆုံး တိုင်းနှင့်ပြည်နယ်လေးခုရှိ အသက် (၅)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးစတင် ထိုးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်က တောင်တရုတ်ပင်လယ်၌ အပြည်ပြည်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်


အပြည်ပြည်ဆိုင်ရာဥပဒေက ခွင့်ပြုထားသည့် နေရာတိုင်း၌ အမေရိကန်စစ်ဘက်က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင်လည်း ယင်းအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်သို့ ရောက်ရှိနေသည့် အမေရိကန်ထိပ်တန်း ရေတပ်ဗိုလ်ချုပ်ကြီးက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း ၀င်ရောက်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီစာရင်းတွင် FMI၊ Myanmar Citizens ဘဏ်နှင့် သီလ၀ါ အများပိုင်ကုမ္ပဏီတို့ ပါဝင်


ရန်ကုန်စတော့အိတ်ချိန်းသို့ ၀င်ရောက်၍ စတော့ရှယ်ယာများ ရောင်းချနိုင်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီစာရင်း တွင် FMI ၊ Myanmar Citizens Bank နှင့် သီလ၀ါ အများပိုင် ကုမ္ပဏီတို့ ပါဝင်ကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ နိုဝင်ဘာ ၃ ရက်တွင် သိရသည်။

လောက်ကိုင်ခရိုင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်ကို တိမ်းရှောင်နေသူများလာရောက်မဲပေးကြရန် ရွေးကောက်ပွဲကော်မရှင် ကမ်းလှမ်း




လောက်ကိုင်ဒေသတွင်ဖြစ်ပေါ်ခဲ့သော တိုက်ပွဲ များကြောင့် တရုတ်နယ်စပ်သို့တိမ်း ရှောင်နေသူများကို မဲလာရောက် ပေးရန် ရှမ်းပြည်နယ်ရွေးကောက် ပွဲကော်မရှင်မှ ကမ်းလှမ်းထားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ဖေဖော်ဝါရီ ၉ရက်နေ့ မှစတင်ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒေသခံများနှင့်ယင်းဒေသ တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာ စစ်ဘေးကြောင့် ထွက် ပြေးတိမ်းရှောင်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။