Pages

6.11.15

ပြည်ထောင်စုအစိုးရအဖွဲ့အထိမ်းအမှတ် ငွေဒင်္ဂါး နေပြည်တော်နှင့် ရန်ကုန်၌ စတင်ရောင်းချပြီး မန္တလေး၌ နိုဝင်ဘာ ၆ ရက်တွင် ရောင်းချမည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူဆောင်ရွက်ခဲ့သည့် သက်တမ်းအထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော ငွေဒင်္ဂါးများကို ယနေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း အရောင်းဆိုင်တွင် စတင်ရောင်းချခဲ့ပြီး စိတ်ဝင်စားမှုများပြားခဲ့ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရွေးကောက်ပွဲကာလ၌စောင့်ကြည့်မည့်သူများအား မြန်မာဒေသအနှံ့သို့ အီးယူအဖွဲ့ ထပ်မံစေလွှတ်


ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (EU EOM) သည် ရွေးကောက်ပွဲကာလ ၌ လေ့လာစောင့်ကြည့် မည့်သူ ၆၂ ဦး ကို နိုဝင်ဘာ ၅ ရက်တွင် ပြည်နယ် နှင့် တိုင်းဒေသကြီးများသို့ ထပ်မံ စေ လွှတ် လိုက်ကြောင်း သိရသည်။

You are here Home » 2015 General Election ရွေးကောက်ပွဲနေ့တွင် မဲရုံလေးသောင်းကျော်၌် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူ တစ်သောင်းကျော် အပါအ၀င် နိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ် သိန်းနှင့်ချီ စောင့်ကြည့်မည်


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် မဲရုံလေးသောင်းကျော်၌ ပြည်တွင်း၊ ပြည်ပမှ စောင့်ကြည့်လေ့လာသူ တစ်သောင်းကျော်အပါအ၀င် နိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ် သိန်းနှင့်ချီ စောင့်ကြည့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန် အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများရှိ စီမံကိန်းသုံးခု၏ ချေးငွေသဘောတူစာချုပ်များ လက်မှတ်ရေးထိုးမည်


ဂျပန် အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများရှိ စီမံကိန်း သုံးခု၏ ချေးငွေသဘောတူ စာချုပ်များအား မကြာခင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း JICA Myanmar Office မှ Chief Representative Mr Keiichiro NAKAZAWA ၏ ပြောကြားချက်အရ သိရသည်။

သမ္မတအထက်မှာ ရှိမယ်ဆိုတဲ့ ဒေါ်စု ကန် ပညာရှင် ဝေဖန်


လာမယ့်ရွေးကောက်ပွဲမှာ NLD နိုင်လို့ အစိုးရဖွဲ့ရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူက လုပ်ဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဟာ တရားဥပဒေစိုးမိုးရေး အယူအဆက သွေဖီ သွားတာဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန် ပါမောက္ခ David Steinberg က သုံးသပ်ပြောကြားလိုက်ပါတယ်။

မဲရုံအတွင်း မည်သူ့ကိုမျှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခွင့် မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်ထုတ်ပြန်


  ရွေးကောက်ပွဲ နေ့တွင် မဲဆန္ဒရှင်များ၏ လျှို့ဝှက် ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရန်အတွက် မဲရုံအတွင်း မည်သူ့ကိုမျှ ဓာတ် ပုံ၊ ဗီဒီယိုရိုက်ခွင့်မပြုကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် က နိုဝင်ဘာ ၅ ရက် ရက်စွဲဖြင့် ထုတ် ပြန်ကြေညာလိုက်သည်။