Pages

9.11.15

အမေရိကန်နိုင်ငံသား ဖြစ်ခွင့် ရမည့် အီးဘီ -၅ ပရိုဂရမ်ကို မြန်မာ့လုပ်ငန်းရှင်များ လျှောက်နိုင်

အမေရိကန်နိုင်ငံသား ဖြစ်ခွင့် ရမည့် အီးဘီ -၅ ပရိုဂရမ်ကို မြန်မာ့လုပ်ငန်းရှင်များ လျှောက်နိုင်
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ရှိ ဟက်ဒ် ဆန်ရဒ် (Hudson Yards) တွင် တည် ဆောက်မည့် မန်ဟက်တန်တာဝါ (Man- hattan Tower) တွင် ရင်းနှီးမြှုပ်နှံရုံဖြင့် အမေရိကန်သားဖြစ်ခွင့်ပြုသော Investor Green Card ရရှိစေမည့် အီးဘီ-၅ ပရိုဂရမ်ကို မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထိုပရိုဂရမ် ၀န်ဆောင်မှုပြုလုပ်နေသော Golden Development Group အေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဂိုးဒန်းဂိုဒီနီက ပြောသည်။

မြန်မာ့ရွေးကောက်ပွဲ နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏သဘောထား ထုတ်ပြန်ချက်

နိုဝင်ဘာ ၈ ရွေးကောက်ပွဲအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများကို ချီးကျုးဂုဏ်ပြုလိုက်ပြီး ငြိမ်းချမ်းသော သမိုင်းဝင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတွင်းရှိ ပြည်သူအားလုံးနှင့် အဖွဲ့အစည်းများအားလည်း ချီးကျုးဂုဏ်ပြုလိုက်ပါသည်။

မြန်မာ့လူ့အခွင့်အရေး အခြေအနေမှန်များကို လက်ရှိအစိုးရအနေဖြင့်အသိအမှတ်ပြုလိုစိတ်မရှိသေးဟု မြန်မာယူပီအာဖိုရမ် ဝေဖန်



လက်ရှိသမ္မတ ဦးသိန်းစိန်၏ အစိုးရသည် ယခင် စစ်အုပ် ချုပ်ရေး ကာလများနည်းတူ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေမှန်များကို အ သိအမှတ် ပြုလုပ်စိတ် မရှိသေးကြောင်း မြန် မာယူပီအာဖိုရမ်က ထုတ်ပြန်လိုက်ပါသည်။

ရွေးကောက်ပွဲရလဒ်များ နိုဝင်ဘာ ၉ ရက်မှစတင်ကာ သုံးနာရီခြားတစ်ကြိမ် တစ်နေ့ခြောက်ကြိမ် ကြေညာမည်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က နေ့စဉ်သတင်းစာရှင်းမည်ဟုဆို


 ရွေးကောက် ပွဲရလဒ်များကို နိုဝင်ဘာ ၉ရက်နေ့ မှစတင်ကာ သုံးနာရီခြားတစ်ကြိမ် ဖြင့် တစ်နေ့ လျှင် ခြောက်ကြိမ်ကြေ ညာသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှု HRW ဝေဖန်


ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက်မှုတွေ ရှိနေတယ်လို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

တောင်ကြီးတွင် ပါတီများက ကန့်ကွက်ထားသည့် ကြိုတင်မဲများကို ခိုင်လုံမဲအဖြစ် ထည့်သွင်းရေတွက်


တောင်ကြီး မြို့တွင် ပါတီလေးပါတီ မှ ကန့်ကွက်ထားသည့် ကြိုတင်မဲ တစ်ထောင်နီးပါးကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၄နာရီ နောက်ပိုင်း မဲရေတွက်သည့် အချိန်တွင် ခိုင်လုံမဲ အဖြစ် ထည့်သွင်း ရေတွက် သွားကြောင်း ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။