Pages

11.11.15

ရန်ကုန်မြစ်တွင်း ဂီတသံဖြင့် ရှုစားနိုင်မည့် Yangon Rhythm သင်္ဘောခရီးစဉ် ဒီဇင်ဘာ ပထမပတ်တွင်စတင်မည်


ရန်ကုန်မြစ်တွင်း ဂီတသံဖြင့် သဘာဝရှုခင်းကို ခံစားနိုင်မည့် Yangon Rhythmသင်္ဘောခရီးစဉ် ကို ဒီဇင်ဘာ ပထမပတ်မှစတင် ပြေးဆွဲမည်ဟုသတင်းရရှိသည်။
ခရီးသည်တစ်ရာကျော်တစ် ပြိုင်နက်စီးနင်းနိုင်သည့် Yangon Rhythm သင်္ဘောသည် နေ့စဉ် နံ နက် ၉နာရီခန့်မှ ညနေ ၅နာရီတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ ရန်ကုန်မြစ်အတွင်းသို့ တစ်နာရီကြာလှည့်လည် ၀န်ဆောင်မှု
ပေးမည်ဖြစ်ကာ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ဒေါ်လာနှင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ကျပ်ငါးထောင်ခန့်ကောက်ခံမည်ဖြစ်သည်။

NLD အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အသင့်ဖြစ်နေပြီဟု PSLF/TNLA ပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖွဲ့စည်းနိုင်သည်အထိ အနိုင် ရရှိမှုကို ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အစိုးရအသစ်နှင့် လက်တွဲ ပူးပေါင်းဖြေရှင်းရန် အဆင်သင့်ဖြစ်နေပြီဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA)က ပြောဆိုလိုက်သည်။

NLD ပါတီ အနိုင်ရပြီးနောက် တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေး ဆက်လက် ထားရှိခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည် အကျိုးစီးပွားအတွက် ပိုမိုကောင်းမွန်သည်ဟု တရုတ် Globlal Times သတင်းစာ သုံးသပ်

တရုတ်နိုင်ငံနှင့် ရင်းနှီးကောင်းမွန်သော ဆက်ဆံရေး ဆက်လက်ထားရှိပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည် အကျိုးစီးပွားအတွက် ပိုမိုကောင်းမွန်သည်ဟု တရုတ်အစိုးရ၏ အာဘော်ကို ဖော်ပြလေ့ ရှိသည့် Global Times သတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် သုံးသပ် ဖော်ပြထားသည်။

ကမ္ဘောဒီးယား အတိုက်အခံပါတီက မြန်မာရွေးကောက်ပွဲကို အားကျနေ


ကမ္ဘောဒီးယားနိုင်ငံမှ အဓိက အတိုက်အခံပါတီ ခေါင်းဆောင်က အိမ်နီးချင်း မြန်မာနိုင်ငံ၏ သမိုင်းဝင် ရွေးကောက်ပွဲကို အားကျကာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းပေးရန်အတွက် နိုဝင်ဘာ ၁၀ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာ့ရွေးကောက်ပွဲအပေါ် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း၏ ထုတ်ပြန်ချက်


ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအကြိမ် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် အောက်ဖော်ပြပါ ထုတ်ပြန်ချက်ကိုကြေငြာခဲ့ပြီး ရွေးကောက်ပွဲအား ဒီမိုကရေစီသို့ ဦးတည်သည့် အရေးကြီးသောခြေလှမ်း ဟုခေါ်ဆိုခဲ့ပါသည်။

"Android Wear သုံးထားသော ကမ္ဘာ့ပထမဦးဆုံး ဇိမ်ခံနာရီကို TAG Heuer မိတ်ဆက်


ဆွစ်နာရီကုမ္ပဏီ Tag Heuer သည် Connected ဟုခေါ်သော ဒေါ်လာ ၁,၅၀၀ ဖြင့် ရောင်းချမည့် Android Wear စမတ်နာရီတစ်မျိုးကို နယူးယောက်တွင် မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ စမတ်နာရီကို Tag Heuer က Google နှင့် Intel တို့ဖြင့် ပူးပေါင်းကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။