ရန်ကုန်-မန္တလေးမြန်နှုန်းမြင့် လျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်းနှင့်
ရန်ကုန်မြို့ပတ် မြေအောက်ရထားစီမံကိန်းနှင့် ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ
ကောင်းကင်ရထားပြေးဆွဲရေးစီမံကိန်းများအတွက်
ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ကမ်းလှမ်းဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။
Pages
▼
18.11.15
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာ မသန်စွမ်း အားကစားအဖွဲ့ အားကစားနည်း ၁၁ မျိုး၌ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထား
(၈)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၁၁ မျိုး၌ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အထက်ပိုင်းဒေသများ အချိန်အခါမဟုတ် မိုးရွာနိုင်ဟုဆို
ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းအရှိန် ကြောင့်
မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာနိုင်သည်ဟု
မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် လေဖိအားနည်းရပ်ဝန်း သည် နိုဝင်ဘာ ၁၄ ရက်တွင် မုန်တိုင်းငယ်အဆင့်အထိ အားကောင်းခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အားပျော့သွားသော်လည်း နိုဝင်ဘာ ၁၇ ရက် ညနေအထိ ဆက်လက်တည်ရှိ နေဆဲဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် လေဖိအားနည်းရပ်ဝန်း သည် နိုဝင်ဘာ ၁၄ ရက်တွင် မုန်တိုင်းငယ်အဆင့်အထိ အားကောင်းခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အားပျော့သွားသော်လည်း နိုဝင်ဘာ ၁၇ ရက် ညနေအထိ ဆက်လက်တည်ရှိ နေဆဲဖြစ်သည်ဟု ဆိုသည်။
ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုများအယူခံပါက ကော်မရှင်ဆုံးဖြတ်ချက်သာအပြီးအပြတ်ဖြစ်မည်
ရွေးကောက်ပွဲရလဒ်အ တွက် တိုင်ကြားလာမည့် ကန့် ကွက်လွှာများကို
ကော်မရှင်အဖွဲ့ ၀င် တစ်ဦးနှင့် ဥပဒေပညာရှင် နှစ်ဦးတို့ဖြင့်
ခုံရုံးဖွဲ့စစ်ဆေးမည် ဖြစ်ပြီး ခုံရုံး၏အဆုံးအဖြတ်ကို မကျေနပ်ပါက ခုံရုံးက
ဆုံးဖြတ် ပြီး ၁၅ ရက်အတွင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ
အယူခံဝင်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
မဲဆွယ်ရာတွင် သြဇာသုံးပြီး လာဘ်ပေးသည်ဟုဆိုကာ ဦးမြင့်လှိုင်ကို NLD တရားစွဲမည်

ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးရာတွင် သြဇာသုံးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည့် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို တရားစွဲသွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ပြောသည်။
မြန်မာ့ရွေးကောက်ပွဲ ဒေါ်စု၊ ဦးသိန်းစိန်နဲ့ တပ်ချုပ်ကို Mitch McConnell ချီးကျူး

မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနိုင်ရရှိသွားတဲ့အပေါ် အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် အများစုခေါင်းဆောင် Mitch McConnell က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မရှားဖောင် က တင်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၂၅၀၀ ကျော် အမေရိကန် ဒီနှစ်လက်ခံ

အမေရိကန်ပြည်ထောင်စုကို လာရောက်ကြမယ့် ဒုက္ခသည်အားလုံးတို့ကို အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၊ FBI အကြမ်းဖက်သမား စိစစ်ရေးဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ အမေရိကန် ကာကွယ်ရေးဌာနတို့က အဆင့်အမြင့်ဆုံး လုံခြုံရေး စစ်ဆေးမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းလုံခြုံမှု တိုးမြှင့်ကူညီရေး APEC မှာ အိုဘားမား ကတိပေး

အမေရိကန်သမ္မတ Barack Obama ဟာ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးစဉ် အာရှ-ပစိဖိတ် ဒေသအတွင်းက မဟာမိတ်တွေကို ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တိုးမြှင့် ဆောင်ရွက်ပေးဖို့ သန္ဓိဌာန်ပြု ပြောကြားခဲ့ပါတယ်။