Pages

19.11.15

အခြေခံနိုင်ငံရေးပြဿနာဖြေရှင်းရန် ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားဒေသများ၌ စစ်မက်ဖြစ်ပွားမှုများကို ၀မ်းနည်းဖွယ်တွေ့ရှိနေရကြောင်း KNU အထွေထွေအတွင်းရေးမှူး ပြောကြား

 အခြေခံနိုင်ငံရေးပြဿနာဖြေရှင်းရန် ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားဒေသများ၌ စစ်မက်ဖြစ်ပွားမှုများအား ၀မ်းနည်းဖွယ်တွေ့ရှိနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး သို့ တင်သွင်းခဲ့သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်တွင် အခွန်အကောက်မှာ ယခင်နှစ် အလားတူကာလထက် ဘီလျံ ၈၇၀ ကျော် လျော့နည်းနေ၍ အမြန်ဆုံး အဖြေရှာသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ တိုက်တွန်း


၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်၌ အခွန်အကောက်မှာ ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အလားတူကာလထက် ဘီလျံပေါင်း ၈၇၀ ကျော်လျော့နည်းနေသည့်အတွက် အမြန်ဆုံးအဖြေရှာသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက တိုက်တွန်းသည်။

(၂၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အကြိုရှေ့ပြေး အစည်းအဝေးများ စတင်၊ အာဆီယံထိပ်သီး အစည်းအဝေးတွင် သဘောတူညီချက် ၁၈ ခု လက်မှတ် ရေးထိုးရန် မျှော်မှန်းထားကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား


(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အကြိုရှေ့ပြေး အစည်းအဝေးများ အနေဖြင့် အာဆီယံ အကြီးတန်း အရာရှိများနှင့် အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များ
ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ Kuala Lumpur Convention Centre (KLCC) တွင် စတင်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်း နိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခု ဖြစ်ဟုဆို


မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်းနိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခု
ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် အိမ်ခြံမြေအွန်လိုင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအတွက် ဖိုက်ဘာလိုင်း ကီလိုမီတာပေါင်း သိန်းနှင့်ချီ၍ သွယ်တန်းရန် လိုအပ်နေ

မြန်မာနိုင်ငံအနေဖြင့် ဆက် သွယ်ရေးကွန်ရက်ကို အခြားနိုင်ငံများ နည်းတူ အဆက်အသွယ်ပြတ်တောက် ခြင်းမရှိဘဲ အရည်အသွေးပြည့်မီစွာ အသုံးပြုမည်ဆိုပါက နိုင်ငံအတွင်း ဖိုက်ဘာသွယ်တန်းခြင်း ကီလိုမီတာ ပေါင်းသိန်းဂဏန်းနှင့် ချီ၍သွယ်တန်း သွားရန် လိုအပ်သည်ဟု သိရှိရသည်။

ဘာလင်ခရီးသွားပြပွဲတွင် ကယားပြည်နယ်ခရီးစဉ် မိတ်ဆက်မည်

ကမ္ဘာ့အကြီးဆုံးခရီးသွားပြပွဲဖြစ်သော ဘာလင်ခရီးသွားပြပွဲ (ITB Berlin) တွင် မြန်မာနိုင်ငံမှ ကယားပြည်နယ် ခရီးစဉ်ကို အထူး ပရိုမိုးရှင်းအဖြစ် ပြသသွားရန်ရှိကြောင်း သိရသည်။ ကယားပြည်နယ်ခရီးစဉ် ဖွံ့ဖြိုးရေးအတွက် ပြပွဲတွင်ပြသရန် စီ စဉ်ခြင်းဖြစ်ပြီး မြန် မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကူညီပေးနေသော နိုင် ငံတကာအဖွဲ့ အ စည်း များ၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း (MTF) မှ အထွေထွေအတွင်းရေးမှူး ဦးခင်အောင်ထွန်းက ပြောသည်။

ထိုင်းရှိ အချို့စက်ရုံများမှ မြန်မာလုပ်သားများကို ရက်မှန်ကြေး စတင်ပေးလာ

ထိုင်းနိုင်ငံရှိ အချို့ စက်ရုံများ သည် အောက်တိုဘာလကုန်မှစ၍ မြန်မာလုပ်သားများကို ရက်မှန်ကြေး စတင်ပေးလာကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ မှသိရသည်။ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မဲဆောက်ရှိစက်ရုံတစ်ရုံနှင့် မဟာချိုင်ရှိစက်ရုံနှစ်ရုံက ရက်မှန်ကြေးများ စတင်ပေးလာခြင်းဖြစ်ပြီး ယခင်က ထိုသို့ရက်မှန်ကြေးပေးအပ်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း မဲေ ဆာက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားရေး ကော်မတီမှ ဦးမိုးကြိုးကပြောသည်။

စက်ဘီးစီးပြီး ရုံးတက်သူတွေကို မြို့အုပ်ချုပ်ရေးအဖွဲ့ ဆုချမည်


အလုပ် အသွားအပြန်ကို ကားမသုံးဘဲ စက်ဘီးစီးသူများကို တစ်နှစ်လျှင် ယူရိုရာချီ ဆုချမည့် အစီအစဉ်ကို အီတလီနိုင်ငံ မာဆာရိုဆာမြို့ အုပ်ချုပ်ရေးအဖွဲ့က စတင်လိုက်ပြီ။

ရန်ကုန်-မန္တလေးရထား ခရီးစဉ်ကို တရုတ်နိုင်ငံကမှာယူထားတဲ့ ရထားတွဲတွေနဲ့အစားထိုးပြေးဆွဲ



ရန်ကုန်-မန္တလေးရထား ခရီးစဉ်ကို တရုတ်နိုင်ငံကမှာယူထားတဲ့
ရထားတွဲတွေနဲ့အစားထိုးပြေးဆွဲသွားမယ်လို့
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊
မြန်မာ့မီးရထားအောက်မြန်မာပြည်ရုံးကသိရပါတယ်။