Pages

23.11.15

ဖားကန့်မြေပြိုမှု အစိုးရနဲ့ကျောက်စိမ်းတွင်း လိုင်စင်ရကုမ္ပဏီကြီးတွေ အဓိကတာဝန်ရှိ

ွJade: Myanmar's "Big State Secret" Global Witness
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ မြေပြိုကျ မှုကြောင့် သေဆုံးသူ အများအပြားရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီ နဲ့ မြန်မာအစိုးရတို့က တာဝန်ယူသင့်တယ်လို့ Global Witness အဖွဲ့က ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် မြေပြိုကျ မှုကြောင့် သေဆုံးသွားရတဲ့ သူတွေဟာ လျော်ေ ကြးငွေ ရရှိသင့်တယ်လို့လည်း ကချင်မဟာမိတ်အဖွဲ့ကလည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြ ပါမယ်။

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု သေဆုံးသူ ၁၅၀ ထိတိုးနိုင်

ဖားကန့်မြို့မှာ မြေစာပုံပိပြီး သေးဆုံးသူတွေကို ရှာဖွေစဉ်
ဖားကန့်မြို့မှာ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းကထွက်တဲ့ မြေစာပုံကြီးပြို ကျလို့ သေဆုံးသူ (၁၀၀)ကျော်ရှိနေပြီး ၊ သေဆုံးသူ အရေအတွက် ဒီထက် ပိုများ လာနိုင်တယ်လို့ ဒေသခံ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန့်နေ ပါတယ်။ ကျောက်စိမ်း နဲ့သတ္တုတူးဖေါ်ရေး လုပ်ငန်းက ထွက်လာတဲ့ မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာ၊ အာဏာပိုင်တွေဖက်ကလဲ လူတွေ အသက် အန္တရာယ် နဲ့ ဝေးအောင်လို့ အကာအကွယ် ပေးရေး အစီအစဉ်တွေ လုပ်ဆောင်ထားခြင်း မရှိလို့ဖားကန့်မှာ မကြာခနဆိုသလို မြေစာပုံပြိုကျတဲ့ အန္တရယ်နဲ့ ရင်ဆိုင်နေရ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

"Wi-Fi, vending machine များနှင့် ATM စက်များပါဝင်သော နည်းပညာမြင့် အများသုံးအိမ်သာများကို တရုတ်မိတ်ဆက်"


တရုတ်နိုင်ငံရှိ အများသုံးအိမ်သာများ၏ ပုံရိပ်ကို ပြန်လည်သစ်လွင်စေရန် ရည်ရွယ်သည့်အနေဖြင့် နည်းပညာမြင့် အိမ်သာများအား ဘေကျင်းမြို့တွင် စတင်မိတ်ဆက်ပေးခဲ့သည်။
The Fifth Space ဟုခေါ်သော နည်းပညာမြင့် အိမ်သာများတွင် Wi-Fi, vending machine များနှင့် ATM စက်များအပြင် flat-screen TV set များ ပါဝင်သည်။