Pages
▼
7.12.15
အစိုးရသစ်တွင် အခြားပါတီမှ ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမည်ဟု ဦးဝင်းထိန် ပြော
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်တွင် အနာဂတ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုမည့် အခြားပါတီမှ ပုဂ္ဂိုလ်များအား ထည့်သွင်းဖို့စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က News Watch သို့ ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိ
ရှမ်းပြည်မြောက်ပိုင်း
ဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့်
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား နိုဝင်ဘာ ၂၇
ရက်မှ လက်ရှိအချိန်ထိ တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး
ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း TNLA ၏ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သတ်ပြီး
ဒီဇင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။
Myanmar Tower Company ကို မလေးရှား ကုမ္ပဏီ တစ်ခုက ဝယ်ယူ

စင်ကာပူအခြေစိုက် Digicel Asian Holdings မှတစ်ဆင့် Myanmar Tower Company ကို မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Edotco Group Shn Bhd က ဝယ်ယူလိုက်သည်ဟု ၄င်းတို့ Edotco က သတင်း ထုတ်ပြန်လိုက်သည်။
ဆပ်ပြာဖြင့် ဆေးကြောနိုင်သော စမတ်ဖုန်းတစ်မျိုးကို Kyocera

မြန်မာအပေါ် ကုန်သွယ်ရေး ပစ်ဒဏ်ခတ်မှုတချို့ ဖြေလျှော့ဖို့ ကန် စဉ်းစားမှု HRW ဝေဖန်

အမေရိကန်က ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ပါနေတဲ့ မြန်မာနိုင်ငံက အေးရှားဝေါလ်ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ အမေရိကန် ကုမ္ပဏီတွေကနေ ကူးသန်းရောင်းဝယ်နိုင်ဖို့ အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့အချက်တချို့ကို အမေရိကန်အစိုးရက လျှော့ချပေးဖို့ ပြင်ဆင်နေပါတယ်။ဒီလို ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်မယ့်အပေါ်မှာ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။