Pages
(Move to ...)
▼
8.12.15
NLD အစိုးရ အသက်ရှုချောင်ရေး အမေရိကန်က ကုန်သွယ်ခွင့်ပိတ်ပင်မှုလျှော့ချ
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရရှိပြီးနောက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ပင်ထားမှုကို ၆ လတိတိ ယာယီ ဖြေလျှော့ပေးလိုက်ကြောင်း သိရှိရသည်။
SME လုပ်ငန်းများ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်တော့မည်
အသေးစား စက်မှု လက်မှုလုပ်ငန်းများ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် Credit Guarantee Ins- urance(CGI) စနစ်ကို ဆောင်ရွက်ပေး တော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ခုံးကျော်တံတား သုံးစင်း တစ်ပြိုင်တည်း တည်ဆောက်မှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှုများ ချက်ချင်း ဖြေရှင်းပေးရန် ရှိ၊မရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မေးမြန်း
ရန်ကုန်မြို့ရှိ နေရာသုံးခုတွင် ခုံးကျော်တံတား သုံးစင်း တစ်ပြိုင်တည်း တည်ဆောက်နေမှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုများအား ချက်ချင်း ဖြေရှင်းပေးရန် ရှိ၊မရှိ ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညို သင်းက မေးမြန်းခဲ့သည်။
ရန်ကုန်မြို့ရှိ ရေသန့်လုပ်ငန်း ၁၃ ခုကို ပိတ်သိမ်း
သောက်သုံးရန်မသင့်ဘဲ စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် ရန်ကုန်မြို့ရှိ ရေသန့်ကုမ္ပဏီ ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ ကြောင်း သတင်းရရှိသည်။
တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေး အစီရင်ခံစာတွင် ကျောက်မျက်ကဏ္ဍထည့်သွင်းမှု မြန်မာနိုင်ငံကပထမဆုံးဖြစ်
တွင်းထွက် သယံဇာတတူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်
ရေး (EITI) အကောင်အထည်ဖော်လျက် ရှိသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ သည် ကျောက်မျက်ကဏ္ဍကို ယင်း အစီရင်ခံစာတွင် ထည့်သွင်းသည့် ပထမဦးဆုံး
နိုင်ငံဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ကုန်သည်စက်မှု အသင်းချုပ်တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက် တာမောင် မောင်သိမ်းက ပြောသည်။
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် (၆)လ လျှော့ချ
မြန်မာနိုင်ငံရဲ့အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေ ကူးသန်းရောင်းဝယ် ခွင့်ကို (၆) လတာ ခွင့်ပြုတဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန် သွယ်ရေး ပြစ်ဒဏ် ခတ်မှုတချို့ကို အမေရိကန်အစိုးရက တနင်္လာနေ့ က ဖြေ လျှော့ပေးလိုက်ပါတယ်။
စပိန်ရတနာ သင်္ဘောကို ကိုလံဘီယာတို့ တွေ့ရှိခဲ့ပြီး နှစ် ၃၀၀ ကျော် ပဟေဠိ အဆုံးသတ်
ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားတို့ အပြည့်တင်ဆောင်ခဲ့သော စပိန်သင်္ဘောပျက်ကို တွေ့ရှိထားကြောင်း ကိုလံဘီယာက ပြောကြားခဲ့ရာ ကာရစ်ဘီယံတွင် ဗြိတိန်တို့က နှစ်မြှုပ်ခဲ့သော ယင်းသင်္ဘောပျက်ကို နှစ် ၃၀၀ အကြာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တယ်လီနောမှ အွန်လိုင်း ဗီဒီယိုပညာရေးစနစ် သင်ထောက်ကူပစ္စည်းများ စတင်အသုံးပြု
တယ်လီနောမြန်မာလီမိတက်မှ (တယ်လီနော)မှ မြန်မာ့လူ့အဖွဲ့အစည်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အခြေခံ ကွန်ပျူတာပညာနှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည် တိုးတက်လာစေခြင်းအလို့ငှာ ၎င်း၏ အလင်းအိမ်စင်တာ ၁၁ ခုတွင် အွန်လိုင်းမှ ဗီဒီယိုဖြင့် လေ့လာရေးစနစ် သင်တန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
‹
›
Home
View web version