Pages

10.12.15

မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် ကြွေးမြီများနှင့် ဆင်းရဲတွင်းထဲ၌ ပိတ်မိနေကြကြောင်း ဗြိတိန်အခြေစိုက် Oxfam အစီရင်ခံစာတွင် ဖော်ပြ


 မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် ကြွေးမြီများနှင့် ဆင်ရဲတွင်းထဲ၌ ပိတ်မိနေကြကြောင်းကို ဒီဇင်ဘာ ၉ ရက်တွင် ဗြိတိန်အခြေစိုက် Oxfam မြန်မာက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အစိုးရနှင့်ဆွေးနွေးရာ၌ ခက်ခဲမှုများရှိသော်လည်း နှစ်လနီးပါးကြာ ဖြစ်ခဲ့သည့်တိုက်ပွဲများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းနိုင်ရေး SSPP ဆောင်ရွက်မည်

ရှမ်းပြည်နယ်အတွင်း၌ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစတင်ကာမကြာခဏဖြစ်ပွားခဲ့သည့်အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့အကြားစစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေးကိစ္စများ  ဆွေးနွေးမှုကို နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်များက နေပြည်တော်၌ တွေ့ဆုံ၍ ဆွေးနွေးခဲ့ရာ ထိုသို့ဆွေးနွေးရာ၌ အခက်အခဲရှိသော်လည်း နှစ်လနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းနိုင်ရေး ဆောင်ရွက်သွားမည်ဟု SSPP/SSA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
 

မြန်မာ့ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်းကို စတင် ဖွင့်လှစ်လိုက်သော်လည်း ရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လဆန်းရောက်မှ ရောင်းချမည်



MAPCO, FMI, သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ လီမိတက် အပါအ၀င် အများပိုင်ကုမ္ပဏီ ခြောက်ခုတို့ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းကို စတင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လဆန်းတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။