Pages

11.12.15

လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြု


လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။ အစိုးရက ထပ်မံတောင်းခံသည့် ငွေကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို အဖြတ်အတောက် မရှိဘဲ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေခွဲဝေသတ်မှတ် သုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၃၀ သာပေးရသော ၉၂ ဧကကျော်ရှိ တောင်ငူမြို့သမိုင်းဝင် ကန်တော်ကြီးအား CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် တော်ဝင်ကေတု ဟိုတယ်က နှစ် ၇၀ ငှားရမ်းခွင့်ရရန် လျှောက်ထားကြောင်း သိရ


အကျယ်အ၀န်းအားဖြင့် ၉၂ ဧကကျော်ရှိပြီး၊ တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၃၀ သာ ပေးရသည့် သက်တမ်း ၅၀၀ ကျော်ရှိ၊ တောင်ငူမြို့ လေးကျွန်း ကန်တော်ကြီးဥယျာဉ်အား စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် တော်ဝင် ကေတု ဟိုတယ်မှနှစ် ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့်ရရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း တောင်ငူ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမှ ပူးတွဲသဘောတူညီချက်ကို စတင် အကောင်အထည်ဖော်၊ ယခု လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ကိုယ်စားလှယ်သစ်များ ခေါ်ယူမည်ဟု သူရဦးရွှေမန်း ပြောကြား


၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှ ပူးတွဲသဘောတူညီချက်ကို စတင် အကောင်အထည်ဖော်နေပြီး လက်ရှိ ပထမအကြိမ် လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ကိုယ်စားလှယ်အသစ်များကို ခေါ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် NLD တို့ နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးမည်


 ရွေးကောက်ပွဲ အနိုင်ရပါတီအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများနှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် Myanmar Peace Center မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၃ ရက် ၀န်းကျင်တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် IS ထိပ်တန်း ခေါင်းဆောင် ၃ ဦး သေဆုံး

ဆီးရီးယားက IS တွေကို U.S. Air Force ရဲ့ လေကြောင်း တိုက်ခိုက်မှု။
အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ IS အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ တခြား ထိပ်တန်းခေါင်းဆောင် ၂ ဦး သေဆုံး သွားတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။

ဘူဂေးရီးယားနိုင်ငံသား တစ်ဦးက ငွေထုတ်ကတ် အတုများဖြင့် ATM စက်နှစ်ခုမှ ငွေခိုးထုတ်ယူမှု ကမာရွတ်မြို့နယ်၌ ဖြစ်ပွား

နိုင်ငံခြားမှ ယူဆောင်လာသည့် ငွေထုတ်ကတ် အတုများဖြင့် ဘူဂေးရီးယားနိုင်ငံသား တစ်ဦးက ATM စက်နှစ်စက်မှ ငွေခိုးထုတ်မှု ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။