Pages

13.1.16

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဘီလီယံ လိုငွေပြ


ဘဏ္ဍာရေး ၀န်ကြီးဌာနက တင်သွင်းလာသည့် ဘဏ္ဍငွေ သုံးစွဲမှု အဆိုပြုလွှာတခုတွင် အစိုးရ၏ လိုငွေပြမှု ထပ်မံ မြင့်တက် လာရန်ရှိကြောင်း ခန့်မှန်းထားသဖြင့် မတ်လကုန်တွင် စတင်တာဝန်ယူမည့် အစိုးရသစ်အနေဖြင့် ပြည်သူ့အတွက် ငွေကြေး သုံးစွဲမှုကို အလုံးစုံပြင်ဆင်ရေးပြုလုပ် သည့် အခါတွင် ကြီးမားသော စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု လေ့လာ စောင့်ကြည့်သူများက ပြောသည်။

ထိုင်းဖွဲ့စည်းပုံ ဥပဒေသစ်က မီဒီယာဆင်ဆာဖြတ်ပိုင်ခွင့်ကို အစိုးရထံ ပို၍ အာဏာပေးထား


ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် အစိုးရထံတွင် မီဒီယာများအပေါ် ဆင်ဆာတင်းကြပ်ပိုင်ခွင့် အာဏာ ပိုမိုရှိထားရန် ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီ CDC က စီစဉ်ရေးဆွဲလျက်ရှိနေသည်။

ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်တော့မည် ဆိုသည့်စကားကြောင့် B-52 မဟာဗျူဟာဗုံးကြဲလေယာဉ် ဖြင့် အင်အားပြခဲ့သည့် အမေရိကန်


ဒီဇင်ဘာ ၆ ရက်တွင် မြောက်ကိုရီးယား ၏ ဟိုက်ဒရိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ်အပြီး တောင်ကိုရီးယား သည် နယ်စပ်မှ စပီကာများဖြင့် ဝါဒဖြန့်မှုကို ပြန်လည်စတင် ခဲ့သည်။ ထို့နောက် မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က တောင်ကိုရီးယား တို့၏ လုပ်ရပ်ကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲနောက်တစ်ခု မကြာမီ ဖြစ်ပွားနိုင်ကြောင်း ပြောကြား လိုက်သည်ဟု သိရသည်။