Pages
▼
18.1.16
ရန်ကုန်တိုင်းဒေသကြီးတွင် မီးသင်္ဂြိုဟ်ရမည့်သုသာန်နယ်မြေများကို ဖေဖော် ဝါရီလမှ စတင်ကာ သက်ဆိုင်ရာမြို့နယ်များအလိုက် ပြောင်းလဲ သတ်မှတ်တော့မည်
ရွှေပြည် သာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရှိသည့် ကျုချောင်နှင့်ကျီစုသုသာန်တို့ ကို အဆင့်မြှင့်တင်မှုများပြီးစီးခဲ့ပြီဖြစ် သဖြင့် မီးသင်္ဂြိုဟ်မည့်သုသာန်နယ်မြေ များကို ဖေဖော်ဝါရီလ၁ရက်မှစတင် ကာ သက်ဆိုင်ရာမြို့နယ်များအလိုက် ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းမှုဌာနမှသိရသည်။
မလေးရှားဗီဇာကြေး အစိုးရချင်းညှိနှိုင်းနေ အေဂျင်စီများ ဆန္ဒပြမည့် အစီအစဉ်ရပ်ဆိုင်း
မလေးရှားဗီဇာကြေးတိုးမြှင့်လိုက်ခြင်းကြောင့်
ယနေ့ (ဇန်န၀ါရီ ၁၈ ရက်) တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ
စုပေါင်းဆန္ဒပြရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံဝန်ကြီးဌာနချင်း ညှိနှိုင်းနေ
သောကြောင့် လေးရက်ကြာဆန္ဒပြရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း
သတင်းရရှိသည်။
၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အရိပ်အယောင်ကောင်းများ မြင်တွေ့နေရ
ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် နိုင်ဖွယ်ရှိသည့် ကမ္ဘာ လှည့်ခရီးသွားအရေအတွက်မြင့် တက် လာခြင်းကြောင့် ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီး သွားလုပ် ငန်း၌ ကောင်း မွန်သည့်အ လားအလာ များမြင်တွေ့နေရကြောင်း Xinhua သတင်း၌ဖော်ပြသည်။