Pages
(Move to ...)
▼
19.1.16
အီရန်အပေါ် ပိတ်ဆို့မှုများ ပယ်ဖျက်လိုက်ပြီးနောက် အာရှတွင် ရေနံတစ်စည် ဈေးနှုန်းမှာ ၂၈ ဒေါ်လာအောက်သို့ ကျဆင်း
ဈေးကွက်ထဲသို့ အီရန်ရေနံများ ပြန်ဝင်တော့မည်ဖြစ်ရာ ရေနံများ အလျှံပယ် ပိုမို ဖြစ်လာမည့် အရေးကို စိုးရိမ်မှုများကြောင့် အာရှ၌ ဘဲရင့် ရေနံအညွှန်းကိန်းသည် ၁၂ နှစ်ကျော်အတွင်း ပထမဆုံးအဖြစ် ရေနံတစ် စည်လျှင် ၂၈ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့သည်။
ငွေဆောင်ကမ်းခြေတွင် လင်းပိုင်ငယ်လေး တစ်ကောင် ကမ်းတင်မှုဖြစ်ပွား
ငွေဆောင်ကမ်းခြေ BOB ဟိုတယ်ရှေ့တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် လင်းပိုင်ငယ်လေးတစ်ကောင် ကမ်းတင်မှုတစ်ခုဖြစ်ခဲ့ပြီး ကမ်းခြေတာဝန်ရှိသူများနှင့် ခရီးသွားအပန်းဖြေသူများမှ ပင်လယ်အတွင်းသို့ ပြန်လည်တွန်းချ ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။
တပ်ကို ဝေဖန်သည့် ဒီချုပ်ကိုယ်စားလှယ်ဆွေးနွေးမှု တပ်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ဆွေးနွေးချက် ပယ်ဖျက်
တပ်ကို ဝေဖန် ဆွေးနွေးခဲ့သည့် ဒီချုပ်မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို၏ ဆွေးနွေးချက်များ ကို တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့က ကန့်ကွက်သ ဖြင့် ယင်းဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက် ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခု လျှောက်ထား
ရန်ကုန် ဘူတာကြီးကို အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန်အတွက် တင်ဒါလျှောက် ထားမှုကို ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခုလျှောက်ထားကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှသိရသည်။
ယင်းကဲ့သို့ တင်ဒါလျှောက်ထား သည့် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခုတွင် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင် ငံတို့မှ ကုမ္ပဏီအများဆုံးပါဝင်လျက်ရှိကြောင်းသိရသည်။
‹
›
Home
View web version