Pages

21.1.16

လားရှိုး-မူဆယ်လမ်းတွင် ကားသေးများ ဖြတ်သန်းခ ကြိုတင်ငွေဖြည့်ကတ် စနစ် ဇွန်လကုန်တွင် စတင်မည်


မန္တလေး- လာရှိုး- မူဆယ်လမ်း တစ်လျှောက် ကားသေးများ ဖြတ်သန်းခအား
ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပေးချေသည့်စနစ်ကို ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင်
စတင်သွားမည်ဖြစ်ကြောင်း အဆိုပါ စနစ်အသုံးပြုနိုင်ရေး တာဝန်ယူ
လုပ်ဆောင်နေသည့် Oriental Highway Company Limited မှ သိရှိရသည်။

ဖားကန့်ရောက်နေသော ယာဉ်နှင့်စက်ယန္တရားကြီးများကို ကညနက မှတ်ပုံတင်ပြုလုပ်ပေးမည်ဟုဆို

ကချင်ပြည်နယ် ဖားကန့်သို့ ရောက်ရှိနေသည့် ယာဉ်များအပါအ ဝင် ယန္တရားများအား ကညနမှမှတ်ပုံ တင်ခြင်းကိုခွင့်ပြုဆောင်ရွက်ပေးတော့ မည်ဖြစ်ကြောင်း နေပြည်တော် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြု


 မြန်မာနိုင်ငံ၏ ဒုတိယ မြောက်ရမ်ဆာရေတိမ်ဒေသအ ဖြစ် ကချင်ပြည်နယ်ရှိ အင်းတော် ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို အတည်ပြုသတ်မှတ် ကြောင်း သတင်းရရှိသည်။
အင်းတော်ကြီးတောရိုင်းတိ ရိစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေ တိမ်ဒေသအဖြစ်အတည်ပြုသတ် မှတ်နိုင်ရန် သဘာဝပတ်ဝန်းကျင် နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနနှင့် နိုင်ငံတကာတိရစ္ဆာန် နှင့်အပင်များအဖွဲ့(FFI)တို့ ပူး ပေါင်းကာ သုံးနှစ်ခန့်ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ရကြောင်းသဘာ၀၀န်းကျင်နှင့် သားငှက်တိ ရစ္ဆာန်ထိန်းသိမ်းရေးဌာန လက် ထောက်ညွှန်ကြားရေးမှူးဒေါက် တာနိုင်ဇော်ထွန်းကပြောသည်။

တာဝန်ပြီးဆုံးပြီးနောက် ပါတီနိုင်ငံရေး ဆက်လုပ်၊ မလုပ် သမ္မတဦးသိန်းစိန် မဆုံးဖြတ်ရသေး

 သမ္မတဦးသိန်းစိန် အနေဖြင့် သမ္မတသက်တမ်းတာ ဝန်ပြီးဆုံးချိန်တွင် ပါတီနိုင်ငံရေး ဆက်လက်လုပ်ဆောင်ရန် မဆုံး ဖြတ်ရသေးကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။