Pages

3.2.16

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြေးသူ ၉၀ ကျော်ရှိလာ

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြေးသည့် စစ်ဘေးဒုက္ခသည် ၉၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) က The Daily Eleven သို့ ပြောကြားသည်။

၂၀၁၅ ခုနှစ်အတွင်း ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ပြီး အမေရိကန်လူမျိုး အများဆုံး လာရောက်လည်ပတ်

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာ လကုန်ထိ ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲမည်

၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) ဒသမ တန်းစာမေးပွဲကို ယခင်အလွတ်ကျက် ဖြေ ဆိုရမည့်မေးခွန်းအစား စဉ်းစားတွေးခေါ်ရ မည့်မေးခွန်းမျိုး ပြောင်းလဲမေးမြန်းရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေး ကြိုးပမ်းမှုအပေါ် အမြင်တချို့


ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်ကိုတက်ရောက်လာစဉ်
နေပြည်တော်မှာရှိနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းအတွင်း ခရီးမထွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတားမြစ်ထားပါတယ်။ ဒါဟာ သမ္မတဖြစ်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) (စ) ကို လက်ရှိစတင်ကျင်းပနေတဲ့ လွှတ်တော်နှစ်ရပ်မှာ ဆိုင်းငံဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ အတွက်များ ဖြစ်လေမလား လို့ ခန့်မှန်းသုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။