Pages

26.2.16

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင် အသုံးပြုမည်


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင်ရွှေ့ပြောင်း အသုံးပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ  သတင်းရရှိသည်။

ထရမ့်၏ တံတိုင်းအစီအစဉ်ကို မက္ကဆီကို သမ္မတဟောင်း ပြင်းပြင်းထန်ထန် ဝေဖန်


မက္ကဆီကိုနှင့် အမေရိကန်ကြား နယ်နိမိတ်တွင် တံတိုင်းကာရံပြီး ယင်းအတွက် မက္ကဆီကိုက အကုန်အကျခံရမည်ဆိုသော ဒေါ်နယ်လ်ထရမ့်၏မှတ်ချက်ကို မက္ကဆီကို သမ္မတဟောင်း ဗင်းဆင့်ဖောက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်သွားခဲ့သည်။

အစိုးရသစ်အကူးအပြောင်းကာလ၌ နိုင်ငံပိုင်သယံဇာတများကို အစိုးရဘက်မှ သဘောတူညှိနှိုင်းမှုမပြုဘဲ အလျင်အမြန်စီမံခန့်ခွဲနေမှုအပေါ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးတကြီးအဆိုတင်

နိုင်ငံတော်အစိုးရမှ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွာရေးလုပ်ငန်းများအား အလျင် စလို ငှားရမ်းရောင်းချလွဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွဲပြောင်မီ အလျင်အမြန်စီမံခန့်ခွဲနေမှုစသည်များကို နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးကြီး အဆိုတရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ တင်သွင်းခဲ့သည်။

လာမည့်မေလတွင် လက်ပံတောင်းတောင်၌ ကြေးနီ စတင်ထုတ်လုပ်မည်

၂၀၁၃ ခုနှစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးခဲ့စဉ်။ အေအက်ဖ်ပီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းမှာ အငြင်းပွားဖွယ်သတ္တုတူးဖော်ရေး စီမံကိန်းတစ်ခုအဖြစ် ကန့်ကွက်မှုများရှိနေဆဲ
ဖြစ်သော်လည်း လာမည့်မေလတွင် ကြေးနီ ထုတ်လုပ်မှု စတင်သွားမည် ဖြစ်သည်ဟု မြန်မာ
ဝမ်ပေါင်ကုမ္ပဏီ ရန်ကုန်ရုံး စီမံခန့်ခွဲ ရေးမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။