နိုင်ငံတော်အကြီး အကဲတာဝန် လွှဲပြောင်းမည့်အ ခမ်းအနားအစီအစဉ် လျာထား
ချက်တွင် သမ္မတနှစ်ဦးကို ဂုဏ်ပြု တပ်ဖွဲ့ဖြင့် အလေးပြုမည့်အစီ
အစဉ်ပါဝင်ကြောင်း သမ္မတပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော သည်။
Pages
▼
4.3.16
ပြည်နယ်/တိုင်း ၀န်ကြီးချုပ်အားလုံးကို NLD ကိုယ်စားလှယ်များသာ ခန့်အပ်မည့်ကိစ္စ သေချာ
လာမည့် NLD အစိုးရသစ်ဖွဲ့စည်းရာတွင် ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို သမ္မတမှ တိုက်ရိုက်ခန့်အပ်ရမည်ဖြစ်ပြီး ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုမှ ၀န်ကြီးချုပ်ရာထူးများကို NLD ကိုယ်စားလှယ်များကိုသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း ပါတီအလုပ် အမှုဆောင်အဖွဲ့ဝင်နှင့် အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်းထိန်က မတ်လ ၃ ရက်တွင် News Watch သို့ အတည်ပြုပြောကြားသည်။
ရန်ကုန်စတော့ အိတ်ချိန်းကို မတ်လနောက်ဆုံးပတ် စတင်မည်ဖြစ်ပြီး ရှယ်ယာစတင် ရောင်းချခွင့်ရမည့် ကုမ္ပဏီကို စိစစ်ဆဲဟုဆို

ရန်ကုန်စတော့ အိတ်ချိန်းကို ၂၀၁၆ မတ်လနောက်ဆုံးပတ်တွင် စတင်မည်ဖြစ်ပြီး ရှယ်ယာစတင် ရောင်းချခွင့်ရမည့် ကုမ္ပဏီကို စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ရွေးချယ်ထားသည့် အများပိုင်ကုမ္ပဏီ ခြောက်ခုရှိကြောင်း သိရသည်။
ပုံမှန်အခွန် ထမ်းဆောင်သူများနှင့် အခြေခံဝင်ငွေနည်းပါး သူများကို အခွန်ငါးဆတိုး၍ ကောက်ခံမည် ဆိုသည်မှာ မဟုတ်မှန်ဘဲ အခွန်မထမ်းဆောင်သူများနှင့် ၀င်ငွေရလမ်းကို ရှင်းလင်းစွာ မတင်ပြနိုင်သူများကိုသာ အခွန်ပိုမို ကျသင့်စေရန် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ...
ပုံမှန်အခွန် ထမ်းဆောင်နေသူများ၊ အခြေခံဝင်ငွေ နည်းပါးသူ ပြည်သူများအပေါ်
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အခွန်ငါးဆတိုးမြှင့်
ကောက်ခံသည်မှာ မဟုတ်မှန်ကြောင်းနှင့် ၀င်ငွေခွန် ထမ်းဆောင်ထိုက်သည့်
ဝင်ငွေရရှိခဲ့ပါလျက် ၀င်ငွေခွန် မထမ်းဆောင်ခဲ့သူများ၊ ၀င်ငွေခွန်
ထမ်းဆောင်ရန် ၀င်ငွေကို အပြည့်အ၀ ဖော်ထုတ်ခြင်း မရှိခဲ့သူများ၊
ဝင်ငွေရလမ်းကို ရှင်းလင်းစွာ တင်ပြနိုင်ခြင်း မရှိသူများကို ပုံမှန်အခွန်
ထမ်းဆောင်နေသူများ၊ အခွန်တာဝန် ကျေပွန်ပြီးသူများထက် ပိုမိုသော
အခွန်နှုန်းဖြင့် ကျသင့်စေရန် ပြောင်းလဲကောက်ခံခြင်း ဖြစ်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနက မတ် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနက မတ် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။