Pages
(Move to ...)
▼
9.3.16
ဒုတိယသမ္မတလောင်းရွေးချယ်မည့်ရက်မတိုင်ခင် တစ်ရက်အလို ယနေ့ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်း
ဒုတိယသမ္မတလောင်း ရွေးချယ်မည့်ရက်မတိုင်ခင် တစ်ရက် အလို ယနေ့(မတ် ၉ ရက်)ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ကိုကျင်းပရန် စီစဉ်ခဲ့ပြီးမှ ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။
ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ပထမအဆင့်မှ တိုက်ခန်းများ ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀ သတ်မှတ်ပြီး စတင်ရောင်းချမည်
ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်း ပထမအဆင့်မှ တိုက်ခန်းများကို ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀ သတ်မှတ်ထားပြီး စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
RCSS နှင့် ဆွေးနွေးရန် နေရာနှင့်အချိန် ညှိနှိုင်းဟု TNLA ဆို
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းပလောင် လွတ်မြောက်ရေးတပ်(TNLA)တို့ကြား လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် နှစ်ဖက်တွေ့ ဆုံဆွေးနွေးရန် နေရာနှင့်အချိန်ကို ညှိနှိုင်းလျက်ရှိကြောင်း TNLA မှ
ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က The Voice သို့ ပြောကြားသည်။
အင်းလေးဒေသ သမိုင်းဝင်ရွှေအင်းတိန်စေတီတော် သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက်ဖူးမြော်လေ့လာလျက်ရှိ
ရှမ်းပြည်နယ် (တောင်ပိုင်း ) ညောင်ရွှေမြို့နယ် အင်းလေးဒေသ သို့ ပြည် တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ နှစ်စဉ်ဝင်ရောက် လည်ပတ် အပန်းဖြေလေ့ လာလျက်ရှိရာတွင် ရှမ်းပြည်နယ်၏ ပုဂံဟု တင်စားထားသော သမိုင်းဝင်ရွှေအင်းတိန်ဘုရား
စေတီပုထိုးများသို့ အင်းလေးမော်တော် (စက်လှေ)ဆိပ်မှ ဘုရားစဉ်ဖူးသည့် ခရီးစဉ်များတွင် မဖြစ်မနေ ဝင်ရောက်ဖူးမြော်လေ့လာလျက်ရ
ှိသည်။
ဆီးရီးယားမှာ IS ခေါင်းဆောင်သေဆုံးမှုသတင်း အတည်ပြုဖို့ ကန်ကြိုးပမ်း
အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့အပတ်က ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးကို ချေမှုန်းနိုင်ခဲ့ခြင်း ရှိ မရှိ ဆုံးဖြတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
‹
›
Home
View web version